Connect with us

Hi, what are you looking for?

News

ကော်ဘရာစစ်ကြောင်းရဲ့ လက်နက်ကြီးထိလို့ စစ်ကောင်စီတပ်သား ၅ ဦးလောက် ထိခိုက်သေဆုံးနိုင်တယ်လို့ ဆို

လေးကေကော်ဒေသမှာ မနေ့ညပိုင်း ၁၁ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ စွယ်တော်ကုန်းနဲ့ ကြက်ကင်ကုန်းကနေ လေးကေကော်ဒေသထဲကို လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို လေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေ ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လေးကေကော်မှာ စစ်ကောင်စီတပ်အခြေချထားတဲ့ နေရာကို KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းက ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ငါးဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်မှာ လေးကေကော်မြို့သစ်အနီး စစ်ကောင်စီအခြေချထားတဲ့နေရာကနေ စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ ကော်ဘရာစစ်ကြောင်းက စစ်သည်တော်တွေကို ချောင်းမြောင်းပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကော်ဘရာစစ်ကြောင်း လက်နက်ကြီးစစ်သည်တော်ကနေ ပြန်လည်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ရဲ့ စနိုက်ဘာနဲ့ စက်သေနတ်ထားရာနေရာတွေကို တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦး သေဆုံးနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုထားပါတယ်။

လေးကေကော်ဒေသမှာ မနေ့ညပိုင်း ၁၁ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ စွယ်တော်ကုန်းနဲ့ ကြက်ကင်ကုန်းကနေ လေးကေကော်ဒေသထဲကို လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို လေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေ ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။