Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားနှစ်ဦး CDM လုပ်ပြီး ကော်ဘရာ စစ်ကြောင်းထံ ခိုလှုံ

ကော်ဘရာစစ်ကြောင်းအနေဖြင့် CDM ခိုလှုံလာသော အရာရှိစစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံရေး၊ နေထိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး CDM ပြုလုပ်လိုပါက ဆက်သွယ်ရန် အသိ ပေးထားသည်။

ဓာတ်ပုံ - ​ကော်ဘရာစစ်​ကြောင်း

▪️လက်နက်ပါသည့် ရဲဘော်အား NUGက ချီးမြှင့်သည့် ကျပ်သိန်း ၆၀ပေးအပ်

စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာသည့် စစ်သား နှစ်ဦးသည် ကော်ဘရာစစ်ကြောင်းထံ ခိုလှုံလာကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

တပ်မ(၄၄) လက်အောက်ခံ ခမရ (၁) သထုံမှ တပ်သား မောင်ဇော် နှင့် တပ်သား ကျော်သူစိုးတို့သည် ကော်ဘရာစစ်ကြောင်းထံ ဆက်သွယ်ပြီး ဧပြီ၂၈ ရက်တွင် ခိုလှုံလာသည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

CDM ခိုလှုံလာသော စစ်ကောင်စီ တပ်သား နှစ်ဦးအနက် တစ်ဦးသည် MA 4ပူးတွဲ သေနတ်တစ်လက်၊ ကျည်ဘောက် ​လေးခု၊ (၄၀) မမ ကျည် (၈)လုံး၊ ၅.၅၆ ကျည်ဆန် ၁၀၀တောင့်နှင့်အတူပါရှိလာခဲ့၍ ၎င်းအား အမျိုးသားညီညွတ်ရေးအစိုးရမှ ချီးမြှင့်သော မြန်မာငွေ သိန်းခြောက်ဆယ် ပေးအပ်ခဲ့ပြီး တပ်သားမောင်ဇော်ကို ဘတ်ငွေတစ်သောင်း ချီးမြှင့်ခဲ့ကြောင်း၊ အဆိုပါငွေများကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘောမှ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်းအနေဖြင့် CDM ခိုလှုံလာသော အရာရှိစစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံရေး၊ နေထိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး CDM ပြုလုပ်လိုပါက ဆက်သွယ်ရန် အသိ ပေးထားသည်။

ဓာတ်ပုံ – ​ကော်ဘရာစစ်​ကြောင်း

မြ၀တီမြို့နယ် လေးကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းဖြစ်ပြီး ယခင်ကလည်း ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ​လေးဦး ကော်ဘရာစစ်ကြောင်းထံ လာရောက်ခိုလှုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။