Connect with us

Hi, what are you looking for?

News

လေးကေကော်မြို့သစ်ထဲမှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

ကော်သူးလေအုပ်ချုပ်နယ်မြေ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ရဲ့ ဒေါနအရှေ့ခြမ်းဖြစ်တဲ့ လေးကေကော်ဒေသအပါအဝင် ဖလူး ဝေါ်လေ စုကလိဒေသထဲကို စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့တပ်ဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအပြင် တပ်မ ၂၂ တပ်မ ၄၄ နဲ့ နယ်ခြားစောင့်တပ်တွေပါ ပါဝင်နေတာဖြစ်ပါတယ်။

People's Spring
People's Spring

ငြိမ်းချမ်းရေးမြို့တော် လေးကေကော်မြို့သစ်ထဲမှာ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုမျာစွာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

မနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ည ၁၀ နာရီလောက်မှာ လေးကေကော်မြို့ထဲက ကော်ဘရာစစ်ကြောင်းက တာဝန်ယူထားတဲ့ စခန်းကုန်းတွေပေါ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ကျားတက်ထိုးပြီး ကျူးကျော်ဖို့ ကြိုးစားရာကနေ ထိတွေ့တိုက်ပွဲတွေ ဒီကနေ့ ဧပြီ ၁၅ ရက် မနက် သုံးနာရီခွဲအထိ ပြင်းထန်ခဲ့တာပါ။

ဒီလို မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးအမြောက်အများအသုံးပြုပြီး တိုက်ခိုက်မှုတွေလုပ်ခဲ့ပေမယ့် ကော်ဘရာစစ်ကြောင်းဘက် ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“နေရာစုံကနေတော့ ပစ်တာသိတဲ့အတွက် အင်အားများတယ်ဆိုတာတော့ မှန်းမိတယ်။ ဒါပေမဲ့ ညဘက်ဖြစ်တဲ့အတွက်ကို ကျနော်တို့ အင်အားအရေအတွက်တော့ မှန်းရခက်ပါတယ်ဗျ။ ဒါပေမဲ့ ကျနော်တို့မနက်ပိုင်း နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ဝတ်စုံတွေ ကျနော်တို့တွေ့တယ်။ ကမ်းရိုးတန်းတိုင်းဘက်တံဆိပ်ကို တွေ့တယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျည်ဘောက် ၆ ခုရယ် RPG ကျည်ဆံတစ်ခု အီနာဂါဗုံးသီးတစ်ခု ဖုန်းနှစ်လုံးနဲ့ စက်လက်ကျည်ဆံတွေ သိမ်းဆည်းရမိတယ်” လို့ ကော်ဘရာစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဒီနေ့မနက်အစောပိုင်း ၃ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီကနေ့ ညနေပိုင်းအချိန်အထိ ထိတွေ့တိုက်ပွဲတွေ မဖြစ်ပွားတော့ပဲ အခြေအနေတွေငြိမ်သက်လျက်ရှိနေတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါသေးတယ်။

လေးကေကော်ကိုကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုဟာ ထိခိုက်ကျဆုံးမှုတွေ ထပ်မံဖြစ်ပွားခဲ့လို့ စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးနိုင်ဖို့အတွက် အင်အားအများအပြားနဲ့ ထပ်ပြီးတော့ ကြိုးစားဦးမယ်လို့ ယူဆကြောင်း ကော်ဘရာစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့က လေးကေကော်ဒေသမှာ စစ်ကြောင်တစ်ကြောင်းလုံးလည်း ပျက်သွားပြီ။ သူတို့အတွက် အရှက်တော်တော်လေးရတာဖြစ်တဲ့အတွက် လေးကေကော်ဒေသကို စိုးမိုးနိုင်ဖို့ရာက လေးကေကော်ဒေသကို စိုးမိုးထားတဲ့တောင်ကုန်းတွေကို သူတို့စိုးမိုးဖို့အတွက် သူတို့မလွဲမသွေကြိုးစားမှာဖြစ်တယ်” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ရဲ့ ဒေါနအရှေ့ခြမ်းဖြစ်တဲ့ လေးကေကော်ဒေသအပါအဝင် ဖလူး ဝေါ်လေ စုကလိဒေသထဲကို စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့တပ်ဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအပြင် တပ်မ ၂၂ တပ်မ ၄၄ နဲ့ နယ်ခြားစောင့်တပ်တွေပါ ပါဝင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က လေးကေကော်မြို့ထဲကို ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် အယောက် ၃၀ ကျော် သေဆုံးခဲ့သလို ဗိုလ်ကြီးတစ်ဦးကို ပူးပေါင်းတပ်ဖွဲ့ဘက်က အရှင်ဖမ်းဆီးရမိခဲ့သေးတာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ ၄၄ ဘက်က စစ်ကြောင်းတစ်ကြောင်းလုံးပျက်တဲ့အထိ အထိနာခဲ့လို့ လေကြောင်းပစ်ကူ ၁၃ ကြိမ်ထက်မနည်း တိုက်ခိုက်ပေးနေရခဲ့သလို လေကြောင်းပစ်ကူပေးနေတဲ့အချိန်အတွင်း မိမိတပ်ဖွဲ့ဝင်တွေအပေါ် မှားယွင်းစွာ ဗုံးကြဲတိုက်ခိုက်မိခဲ့လို့ ထိခိုက်သေဆုံးတာတွေ များပြားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်