Connect with us

Hi, what are you looking for?

News

ကော်ဘရာစစ်ကြောင်းနဲ့ ဗိုလ်စောအယ်စေးဝါးတို့ တပ်ဖွဲ့ကို ပြည်သူတွေက သပြေပန်းနဲ့ကြို

အောင်ပွဲရဲ ကော်ဘရာစစ်ကြောင်းနဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတပ်ဖွဲ့ဝင်ကို ဒေသခံပြည်သူတွေက အောင်သပြေ ပန်းကုံးတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ပြီး မနက်စာနဲ့တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူထံကနေ သိရပါတယ်။

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ ဦးဆောင်ပါဝင်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ ကရင်အမျိုးကာကွယ်ရေးတပ်ဖွဲ့(KNDO) က ဗိုလ်စောအယ်စေးဝါးတို့ တပ်ဖွဲ့ကို ဒီကနေ့မနက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

အောင်ပွဲရဲ ကော်ဘရာစစ်ကြောင်းနဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတပ်ဖွဲ့ဝင်ကို ဒေသခံပြည်သူတွေက အောင်သပြေ ပန်းကုံးတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ပြီး မနက်စာနဲ့တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူထံကနေ သိရပါတယ်။

“ဒီလိုအောင်ပွဲရစစ်သည်တွေကို ​ကောင်းကောင်းသာသာကြိုဆိုတဲ့အတွက် ကျနော်တို့အနေနဲ့ ဝမ်းပန်းတသာဖြစ်ရပါတယ်။ ကျနော်တို့စစ်ကြောင်းတွေလည်း တိုက်ပွဲတွေအများကြီးတိုက်ခိုက်ပေမယ့်လည်း ဒါပထမဆုံး ပြည်သူလူထုရဲ့ကြိုဆိုခံရတဲ့ အမှတ်တရအနေနဲ့ရှိတဲ့ ပွဲလေးတစ်ခုပဲဖြစ်ပါတယ်” လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူက ဆိုပါတယ်။

“တစ်နေ့ ကိုယ့်ဇာတိချက်ကြွေမှာ ဒီလိုမျိုး ကြိုဆိုခွင့်လေးရချင်တယ်”လို့ ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားကိုလည်း တွေ့ရပါသေးတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ သေဘောဘိုးစခန်းကို မေလ ၁၈ ရက်နေ့က KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း(၂၇)တပ်ခွဲ ၂ က ဒုခွဲမှူးဗိုလ်ဒါ​ဘော(ကော်ဘရာစစ်ကြောင်းမှူး)နဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတို့အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦး တပ်ခွဲမှူးတစ်ဦးအပါအဝင် အလောင်းငါးလောင်းတွေ့ရှိရကာ ၇ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအမြောက်အများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Facebook