Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူက မထောက်ခံရင် တွန်းလှန်စစ်မတိုက်ဘဲထိုင်နေလည်း စစ်တပ်က ကျမှာပဲလို့ ကော်ဘရာစစ်ကြောင်းမှူးပြော

ကော်ဘရာစစ်ကြောင်းကတော့ ဘယ်လောက်ပဲအင်အားနည်းနည်း ဘယ်လောက်ပဲ လက်နက်မကောင်း မပြည့်စုံပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက အခုတော်လှန်ရေးထဲမှာ ပူးပေါင်းပါဝင်လို့ လုံး၀အောင်မြင်မှာဖြစ်တယ်လို့ ဗိုလ်ဒါဘောက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဘယ်လောက်ပဲလက်နက်ကောင်းကောင်း ဘယ်လောက်ပဲ အင်အားများများ ပြည်သူလူထုထောက်ခံမှုမရှိတဲ့ တပ်မတော်ကတော့ ရေရှည်မှာ ဘယ်တော့မှရှင်သန်လို့ရမှာမဟုတ်ဘူးလို့ ကော်ဘရာစစ်ကြောင်းမှူးဖြစ်တဲ့ ဗိုလ်ဒါဘောက ပြောဆိုသုံးသပ်လိုက်ပါတယ်။

PVTV နဲ့ တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်မှာ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးဗိုလ်ဒါဘောက ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်းကတော့ ဘယ်လောက်ပဲအင်အားနည်းနည်း ဘယ်လောက်ပဲ လက်နက်မကောင်း မပြည့်စုံပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက အခုတော်လှန်ရေးထဲမှာ ပူးပေါင်းပါဝင်လို့ လုံး၀အောင်မြင်မှာဖြစ်တယ်လို့ ဗိုလ်ဒါဘောက ဆိုပါတယ်။

“ပြည်သူလူထုက မထောက်ခံဘူးဆိုရင် ကျနော်တို့မတိုက်ပဲ ဒီအတိုင်းထိုင်နေလည်း သူတို့ကကျမှာ။ ကျကိုကျရှုံးမှာ။ ရေရှည်မှာသူတို့ရပ်တည်လို့မရဘူး။ ဘယ်လောက်ပဲသူအင်အားကြီးပါ​စေ ဘယ်လောက်ပဲလက်နက်တွေကောင်းနေပါစေ လက်နက်ဆိုတာပစ်မယ့်လူမရှိရင် ဒီလက်နက်က အလကားပဲ” လို့ ဗိုလ်ဒါဘောက ဆိုပါတယ်။

လက်ရှိမှာ ကော်ဘရာစစ်ကြောင်းဂွင်ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေအားလုံးဟာ တပ်ကနေစွန့်ခွာဖို့နဲ့ အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ဖို့ လမ်းစရှာနေ​ကြတယ်လို့ ဗိုလ်ဒါဘောက ပြောပါတယ်။

“အကုန်လုံးကတော့ လမ်းစရှာနေကြတယ်။ အကုန်လုံးက အာဏာရှင်လက်အောက်ကနေ ရုန်းထွက်နေကြတယ်။ သူတို့မှာ တခုအခက်အခဲရှိတာက အရမ်းလာချင်ပေမယ့် မိသားစုတွေက တပ်ထဲမှာဗျ။ သူတို့ကလုံး၀ထွက်လာချင်ပေမယ့် မိသားစုကိုငှဲ့ရတာတွေရှိတယ်။ ဒီလိုအကြောက်တရားနဲ့ သူတို့ရေရှည်မထိန်းချုပ်နိုင်ပါဘူး” လို့ ဗိုလ်ဒါဘောက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ​ ကော်ဘရာစစ်ကြောင်းထဲမှာ ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုပြန်လည်တော်လှန်တိုက်ပွဲဝင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိနေကာ သူတို့တွေဟာ နာနာကျဉ်းကျဉ်းနဲ့ စစ်ကောင်စီကို ရဲရဲဝံ့ဝံ့ပြန်လည်တော်လှန်တိုက်ခိုက်နေတာတွေ့ရတယ်လို့ ဗိုလ်ဒါဘောက ပြောပါတယ်။

“သူတို့ကိုကြည့်ရတာလည်း တော်တော်လေးကို ကျနော်တို့ ပြည်သူလူထုနာကျဉ်းတာထက်စာရင် သူတို့ကပိုပြီးတော့နာကျဉ်းတယ်လို့ ကျနော်မြင်ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တောက်လျှောက် ဒီတပ်ထဲမှာဖိနှိပ်ခံနေရတဲ့အပေါ်မှာ သူတို့ရုန်းမထွက်နိုင်ဘူး။ တပ်ထဲမှာဆိုလည်း တောက်လျှောက်ဖိနှိပ်နေတာ တောက်လျှောက်နိုင်ထက်စီးနင်းလုပ်တဲ့အခါကျတော့ အခုလိုမျိုးပြန်တိုက်ရတဲ့အချိန်မှာ သူတို့က လုံး၀ကိုနာကျဉ်းမှုတွေနဲ့ ပြန်တိုက်နေတာကိုတွေ့ရတယ်” လို့ ဗိုလ်ဒါဘောက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ခေါ်ဆိုနေတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲမှာ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကိုအသုံးချ အတုအယောင်ပြတာဖြစ်ပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးခေါ်ဆိုမှုအပေါ် ယုံကြည်မှုမရှိဘူးလို့ ဗိုလ်ဒါဘောက သုံးသပ်ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးကမ်းလှမ်းပေမယ့် သူလုပ်ချင်သလို သူလုပ်နေတာပဲ။ တိုင်းရင်းသားတွေအားလုံးလည်း ဒီလိုပဲသူလိုက်ပြီးတော့လုပ်နေတယ်။ ဒါပေမဲ့ပြောချင်တာ ဒီငြိမ်းချမ်းရေးအပေါ်မှာတော့ ကျနော်လူငယ်တစ်ယောက်အနေနဲ့ ကတော့ ယုံကြည်မှုတော့မရှိဘူး” လို့ ဗိုလ်ဒါဘောက သုံးသပ်ပြောဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းဟာ ကေအဲန်ယူ-ဒူးပလာယာခရိုင် လေးကေကော်ဒေသ တပ်မဟာ ၆ မှာ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ တိုက်ရည်ခိုက်ရည်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တော်တော်များများ ကျဆုံးမှုတွေများပြားနေတာဖြစ်ပါတယ်။