Hi, what are you looking for?
မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။
အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။