Connect with us

Hi, what are you looking for?

သတင်း

မင်းလက်ပံကျားဖြန့်ဝင်းထဲမှာ နိုင်ငံပေါင်း ၂၀က လူဦးရေ သုံးထောင်နီးပါး တွေ့ရှိလို့ KNU ထုတ်ပြန်

ခြံဝင်းအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့

ထိုင်းဘက်ခြမ်းကဝင်ရောက်ခွင့်မပြုလို့ သောင်းရင်းမြစ်ကမ်းဘေးမှာ သောင်တင်နေတဲ့ ကျားဖြန့်သမားတွေကို တွေ့ရစဥ်။ ဓာတ်ပုံ - Addy

နိုဝင်ဘာ-၂၇၊ ၂၀၂၅။ People’s Spring

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်ထဲက မင်းလက်ပံရှိ ငွေလိမ်လုပ်ငန်းတွေပြုလုပ်နေတဲ့ခြံဝန်းထဲမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံပေါင်း ၂၀က လူဦးရေ သုံးထောင်နီးပါးကို စိစစ်တွေ့ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) အွန်လိုင်းငွေလိမ်လည်မှုဆန့်ကျင်ရေးနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော်(DKBA)ရဲ့အကာအကွယ်အောက်မှာ လည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေတဲ့ ခြံဝန်းတစ်ခုကို KNU က တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီနေ့ကစလို့ ဒီနေ့အထိ သုံးရက်အတွင်း KNU မြေပြင်အဖွဲ့ရဲ့စာရင်းကောက်ယူမှုတွေအရ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ က လူဦးရေ ၂,၈၄၁ ဦးကို စိစစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲက တရုတ်နိုင်ငံသား ၆၅၆ဦး(မ-၇၊ကျား-၆၄၉)၊ လာအိုနိုင်ငံသား ၁၃ဦး(မ-၁၃)နဲ့ ဗီယက်နမ်နိုင်ငံသား ၂၆ဦး(မ-၂၆) စုစုပေါင်း ၆၉၅ဦးတို့ကို ထိုင်းအာဏာပိုင်တွေဆီ ချောချောမွေ့မွေ့လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNU က အဲဒီကျားဖြန့်လုပ်ငန်းခြံဝန်းကြီးကိုတွေ့ရှိပြီးနောက်ပိုင်းကတည်းက အနီးပတ်ဝန်းကျင်နေရာတွေမှာ နေ့စဥ် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်မှုရှိတယ်လို့ အသိပေးပါတယ်။

နိုဝင်ဘာ ၂၅ရက် မနက်အစောပိုင်း ထိတွေ့တိုက်ပွဲအတွင်း တရုတ်နိုင်ငံသား ကျားဖြန့်အလုပ်သမားတစ်ဦး သေဆုံးခဲ့ပြီး KNU က သက်ဆိုင်ရာအာဏာပိုင်တွေကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လူနေထိုင်ရာအဆောက်အဦကို ကျည်ထိမှန်ပြီး ပြတင်းပေါက်မှန်ကွဲစတွေကြောင့် တရုတ်နိုင်ငံသား ကျားဖြန့်အလုပ်သမား ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ သူတို့ကို ခြံဝန်းအတွင်းက ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။

သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိတွေလည်း အဲဒီကျားဖြန့်လုပ်ကိုင်ရာခြံဝန်းကို လာရောက်ကြည့်ရှုခဲ့ပြီး KNU တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ညပိုင်း ၈ နာရီခန့်အထိ အဲဒီကျားဖြန့်ခြံဝန်းကနေ လွတ်မြောက်လာတဲ့ အလုပ်သမား လေးရာနီးပါး(ခန့်မှန်းခြေ ၃၉၂ဦး)ဟာ ထိုင်း-မြန်မာနယ်ခြားမြစ် သောင်းရင်းမြစ်နံဘေးမှာ သောင်တင်နေပြီး သူတို့ဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတယ်လို့ KNU က အသိပေးပါတယ်။ အဲဒီကျားဖြန့်အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေလည်း ဒီနေ့ညပိုင်းအထိ ဝင်ရောက်ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။ သူတို့ကို KNU က စားသောက်ဖွယ်ရာ၊ ယာယီသုံးတဲတွေ ပေးအပ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။