Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမှာ ကျားဖြန့်ရုံတွေပိုများလာ၊ တစ်ရုံကို စစ်တပ် ဝင်ဖမ်း

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ရှမ်းမြောက်က ကျောက်မဲမြို့အဝင် တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - RFA

ဒီဇင်ဘာ၂၊၂၀၂၅။အိမ်သွင်/People’s Spring

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးတဲ့နောက် ကျားဖြန့်လုပ်ငန်းတွေများလာတယ်လို့ ဒေသခံတွေက ဝေဖန်နေပြီး တရုတ်နိုင်ငံသား‌တွေရှိနေတဲ့ ကျားဖြန့်ရုံကို စစ်တပ်က နိုဝင်ဘာ ၃၀ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာက ကျားဖြန့်ရုံကို ဝင်ဖမ်းတာဖြစ်ပြီး တရုတ်နိုင်ငံသား ၂၈ ဦးဖမ်းမိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

“တရုတ်တွေကို သက်သေပစ္စည်းတွေနဲ့ မိတာ။ နဂိုကတည်းက လူတိုင်းသိတဲ့နေရာပါ။ အခုမှ ဝင်ဖမ်းတာ”လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒုဌဝတီမြစ်ဘေးမှာရှိတဲ့ တောင်ထိပ်ကျေးရွာက ကျားဖြန့်ရုံကို စစ်တပ်က ဝင်ဖမ်းတာလို့ ကျောက်မဲမြို့ကနေ စစ်ကောင်စီ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းက လူမှုကွန်ရက်မှာ ရေးထားပါတယ်။

” မင်းသတင်းသေချာလား ဆိုတဲ့သူတွေ ကျွန်တော်ကခပ်ညံ့ညံ့ မြောက်ပိုင်းလွှတ်တော် ကိုယ်စားလှယ်မဟုတ်ဘူးဆိုတာ မှတ်ထားပါ။အချိန်နှင့်တစ်ပြေးညီ သတင်းကသိနေတာပါ၊ မပြောချင်လို့မပြောတာပဲ ရှိတာ။နောက်တစ်ခါ အာလာချောင်တာ သည်းခံပါ “လို့ အဲ့ဒီအမတ်က ရေးထားပါတယ်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက ၂၀၂၅ အောက်တိုဘာ ၁ရက်က သိမ်းယူခဲ့တာပါ။

စစ်ကောင်စီ ပြန်ဝင်လာပြီးတဲ့နောက်ပိုင်း ကျားဖြန့်ရုံတွေလည်း များလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်မှာ ကျားဖြန့်တိုက်ဖျက်ရေးနဲ့ စစ်အာဏာ ရှင်ချေမှုန်းရေးဆိုပြီး ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်း၃ဖွဲ့က ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာ စတင်ခဲ့ပါတယ်။ လောက်ကိုင် အပါအဝင် တရုတ်နဲ့ နယ်စပ်မြို့တွေမှာ ကျားဖြန့်ဂိုဏ်းတွေနည်းသွားပေမယ့် ရှမ်းမြောက်၊ ရှမ်းတောင်နဲ့ ရှမ်းအရှေ့က မြို့တွေဘက်ကို ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတော့ ကိုးကန့်တပ်မတော် (MNDAA)နဲ့ TNLAက စစ်ကောင်စီနဲ့ အပစ်ရပ်ထားပြီး မဟာမိတ်သုံးဖွဲ့အနက် အာရက္ခတပ်တော်(AA) တစ်ဖွဲ့တည်းကပဲ စစ်ကောင်စီကို ဆက်ပြီး တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။