Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီရဲ့ မြို့တော်ကို ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဟိုသီ ထုတ်ပြန်

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Reuters

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

ရီယတ်ဒ် မြို့တော်သာ မကဘဲ ပင်လယ်နီ ကမ်းရိုးတန်း တလျှောက်မှာရှိတဲ့ ဆော်ဒီရဲ့ ရေနံချက် စက်ရုံတွေနဲ့ တခြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဟိုသီတွေက ဆိုပါတယ်။

ဆော်ဒီ အစိုးရကတော့ စက်တင်ဘာ ၁၉ ရက်နေ့တုန်းက ရီယတ်ဒ်ဆီကို ပျံသန်းလာတဲ့ ပဲ့ထိန်းဒုံးကျည် တစ်စီးကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီဒုံးကျည်အပြင် နောက်ထပ် တိုက်ခိုက်မှုတွေ ရှိသလား၊ ထိခိုက်သေဆုံးမှုတွေရော ရှိခဲ့သလား ဆိုတာတွေကိုတော့ ဆော်ဒီဖက်က အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

အစောပိုင်းတုန်းကတော့ ရီယတ်ဒ်မှာရှိတဲ့ နိုင်ငံတကာ လေဆိပ်နားက ဆီလှောင်ကန်တွေကနေ မည်းနက်တဲ့ မီးခိုးလုံးကြီးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။ ဇူလိုင်လနောက်ပိုင်း ရီယတ်ဒ်မှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေလည်း မြည်ဟည်းနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုသီနဲ့ ဆော်ဒီကြား စစ်ရေးပဋိပက္ခ ပိုမို အရှိန်မြင့်တက်လာတဲ့နောက် အမေရိကန် အစိုးရက အရှေ့အလယ်ပိုင်း ဒေသတွင်းကို ရောက်နေတဲ့ အမေရိကန် နိုင်ငံသားတွေ လုံခြုံရေးနဲ့ ပတ်သက်ပြီး နိုးကြားကြဖို့၊ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်း ခံရတာ အပါအဝင် ခရီးသွားလာမှုဆိုင်ရာ အဆင်မပြေတာတွေကို ကြိုတင် မျှော်လင့်ထားဖို့ သတိပေးခဲ့ပါတယ်။

ဟိုသီတွေက ဆော်ဒီအပေါ် ရန်လို တိုက်ခိုက်ရာမှာ အရပ်ဖက် လေဆိပ်တွေကိုပါ ထည့်သွင်း ပစ်မှတ်ထားနေကြောင်း၊ ပြီးတော့ အဲဒီ ပဋိပက္ခဟာ ခပ်မြန်မြန် အရှိန်မြင့်တက်လာနိုင်ကြောင်း အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ အရှေ့အလယ်ပိုင်းကို ခရီးသွားမယ့် အမေရိကန် နိုင်ငံသားတိုင်း သေချာ ပြန်စဉ်းစား သုံးသပ်ဖို့ကိုလည်း အဲဒီ ထုတ်ပြန်ချက်မှာ ထည့်သွင်း တိုက်တွန်းထားပါတယ်။

ဟိုသီ ပြောရေးဆိုခွင့်ရ အရာရှိ ယာဟ်ယာ အယ်လ်ဆာရေကတော့ ဟိုသီတွေဟာ ရီယတ်ဒ်မြို့တော်မှာရှိတဲ့ မဟာဗျူဟာအရ အရေးပါတဲ့ နေရာတွေ၊ ပင်လယ်နီ ကမ်းရိုးတန်းက ယန်ဘူမှာရှိတဲ့ အစိုးရပိုင် Aramco ကုမ္ပဏီရဲ့ ရေနံနဲ့ လောင်စာဆိုင်ရာ အဆောက်အအုံတွေကို ပဲ့ထိန်း ဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒါဟာ ဟိုသီတွေ ထိန်းချုပ်ထားရာ ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနားကို ရန်သူ ဆော်ဒီတပ်တွေက ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့လို့ လက်တုံ့ပြန်တာလို့လည်း အယ်လ်ဆာရေက ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း ဆော်ဒီဟာ ယီမင်မှာ စစ်ရေးတိုက်ခိုက်မှုပေါင်း ၃၀၀ လောက် လုပ်ဆောင်ခဲ့ကြောင်းလည်း သူက စွပ်စွဲထားပါတယ်။

၂၀၁၄ မှာ စတင်ခဲ့တဲ့ ယီမင်ပြည်တွင်းစစ်အတွင်း ဟိုသီတွေဟာ ဆာနားအပါအဝင် နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း နယ်မြေ အများအပြားကို ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဆော်ဒီဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရဖက်ကနေ ပါဝင်ကူညီပြီး ဟိုသီတွေကို တိုက်ခိုက်နေပါတယ်။ ပြီးခဲ့တဲ့ လပိုင်းမှာတော့ ဆော်ဒီနဲ့ ယီမင်ကြား ထိပ်တိုက် စစ်ခင်းမှုတွေက ပိုမို အရှိန်မြင့်တက်လာပါတယ်။ ပြီးတော့ ဟိုသီတွေဟာ ဆော်ဒီအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့ ပင်လယ်နီ ရေပြင်နဲ့ ထိစပ်ရာ ယီမင် ကမ်းရိုးတန်း ဒေသတစ်ခုလုံးကိုလည်း အခုလထဲမှာ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။