Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်တဝိုက်က ကျားဖြန့်​တွေ ညတွင်းချင်း​နေရာ​ပြောင်း

ရွှေကုက္ကိုလ်မြို့သစ်မှာ ရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေကိုအပြီးတိုင်ဖယ်ရှားရှင်းလင်းမယ်လို့ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကြွေးကြော်လာပြီးနောက် ကျားဖြန့်လုပ်ငန်းခွင်မှာလုပ်ကိုင်သူတွေ အလုံးအရင်းနဲ့ မနေ့ ( နိုဝင်ဘာလ ၁၇ရက်)ညတွင်းချင်းပင် နေရာရွေ့ပြောင်းကြပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်ကို ထိုင်းဘက်ခြမ်းကတွေ့ရပုံ။ ဓာတ်ပုံ - The Reporters

နိုဝင်ဘာ – ၁၈ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring

ရွှေကုက္ကိုလ်မြို့သစ်မှာ ရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေကိုအပြီးတိုင်ဖယ်ရှားရှင်းလင်းမယ်လို့ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကြွေးကြော်လာပြီးနောက် ကျားဖြန့်လုပ်ငန်းခွင်မှာလုပ်ကိုင်သူတွေ အလုံးအရင်းနဲ့ မနေ့ ( နိုဝင်ဘာလ ၁၇ရက်)ညတွင်းချင်းပင် နေရာရွေ့ပြောင်းကြပါတယ်။

ကျားဖြန့် လုပ်ငန်းတွေကို အခုရက်ပိုင်းအတွင်း အပြီးသတ် ဖယ်ရှားရှင်းလင်းမယ်လို့ BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှုးကြီး နိုင်မောင်ဇော်က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အဲဒီနောက် ညတွင်းချင်းမှာတင် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် လုပ်ငန်း လုပ်ကိုင်သူတွေ အလုံးအရင်းနဲ့ နေရာရွှေ့ကြတာ လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေကုက္ကိုလ်ဝန်းကျင်တဝိုက်မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ လူဦးရေနှစ်ထောင်ဝန်းကျင်ရှိတယ်လို့ BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှုးကြီး နိုင်မောင်ဇော် ရဲ့ပြောကြားချက်အရသိရပါတယ်။

ကျားဖြန့်ကို နှိမ်နင်းမယ်လို့ ပြောပေမယ့် တဖက်မှာတော့ ကျားဖြန့်က တရုတ်နိုင်ငံသားတွေကို BGF အမှတ်(၂)စစ်ဒေသဌာနချုပ် သေ့ကတေစံပြကျေးရွာထဲ ရွှေ့ပြောင်းပေးနေတာရှိတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

“KK Park က အရေးကြီးတဲ့ တရုတ်နိုင်ငံသားတွေ သေ့ကတေမှာ ရောက်လာတယ်၊ တရုတ်သူဌေးတွေကို BGF က လုံခြုံရေးယူပေးရတယ်” လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

နယ်ခြားသောင်ရင်းမြစ်ဘေးကKK Parkကျားဖြန့် ဝင်း ဖျက်ဆီးခံရပြီးနောက် အဲဒီကတရုတ်နိုင်ငံသားတွေဟာ ရွှေကုက္ကိုလ်မြို့ဘက်ဆီရွှေ့ပြောင်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

သေ့ကတေ စံပြကျေးရွာဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ်(၂) စစ်ဒေသဌာနချုပ်ဖြစ်ပြီး ရွှေကုက္ကိုမြို့သစ်ရဲ့ အနောက်မြောက်ဘက် ဒေါနတောင်ခြေအရှေ့ဘက်ခြမ်းမှာ တည်ရှိတာဖြစ်ပါတယ်။

BGFအမှတ်(၂)စစ်ဒေသထိန်းချုပ်ထားတဲ့ သေ့ကတေစံပြေကျေးရွာဟာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဒေါနတောင်ပေါ်က ကြက်ဥတောင်ပေါ်လမ်းမှာ တည်ရှိတာပါ။

BGF အနေနဲ့တော့ ကျားဖြန့်တွေကို ” ဒါကို ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ်ဆိုတာမရှိတော့ဘူး ၊ဒီတစ်ခါကိုအပြီးတိုင်ဖယ်ရှားရှင်းလင်းတော့မှာပေါ့ ” လို့ဒုတိယဗိုလ်မှုးကြီး နိုင်မောင်ဇော် ဆိုပါတယ်။

မနေ့ညက ရွှေကုက္ကိုလ်ကနေ နေရာရွေ့ပြောင်းတဲ့သူတွေဟာ ထိုင်းဘက်ခြမ်းကို ဝင်ရောက်သွားတာမရှိသေးသလို ထိုင်းစစ်တပ်ကလည်း နယ်စပ်ကို စောင့်ကြည့်ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ထိုင်းနယ်စပ်သတင်းတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ် လက်အောက်ခံ BGF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် စောချစ်သူ တည်ထောင်ထားတဲ့ မြဝတီမြို့နယ် ထဲက ရွှေကုက္ကိုလ်မြို့သစ်ဟာ ကျားဖြန့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အမေရိကန်ကိုပစ်မှတ်ထား တဲ့အွန်လိုင်းငွေလိမ်မှုတွေကြောင့် စောချစ်သူကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ကျားဖြန့် တွေကို နှိမ်နင်းဖို့အတွက် အထူးတပ်ဖွဲ့ကို အမေရိကန် က ဖွဲ့စည်းလိုက်တာပါ။

အဲဒီနောက်မှာတော့ BGF က ကျားဖြန့် ကို အပြီးပြတ် ရှင်းလင်းမယ်လို့ ကြေညာ လာတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။