သတင်း ပခုက္ကူတွင် KTVမှ ပြန်လာသော စစ်ကောင်စီ ဗိုလ်ကြီးကို PDF များဖမ်းဆီး ဗိုလ်ကြီးဝင်းဇော်အား စစ်ဆေးချက်အရ ၎င်းသည် လက်ရှိနေပြည်တော် အမှတ်(၂၃) တပ်မတော် ကုတင်(၂၅)ဆေးရုံတွင် တပ်ရေး၊တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာစဥ် KTV သွားရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။ ludunwayooဇူလိုင် 24, 2024
သတင်း စလင်းမြို့နယ် ကျေးရွာနှစ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ပြည်သူ ၄ ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလှိုင်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ludunwayooဇူလိုင် 24, 2024
သတင်း ကျောက်မဲမြို့ သို့ စစ်ကူလာသော စစ်ကောင်စီတပ် ဖွဲ့စည်းပုံပျက် ဆုတ်ခွာထွက်ပြေး TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုပြန်လည်တိုက်ခိုက်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီအင်အားသုံးရာခန့်ရှိသည့် စစ်တပ်စစါကူ စစ်ကြောင်း သည် ကျောက်မဲမြို့သို့ ဇူလိုင်လ၂၀ရက်မနက်က ရောက်ရှိလာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ludunwayooဇူလိုင် 24, 2024
သတင်း လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲ စစ်ကောင်စီတပ်သည် မင်္ဂလာ(ပိုးစာခြံ) ၊ ဈေးပိုင်း၊ ဒေါဥခူ ၊ ပန်ကန်း၊ မိုင်းလုံးရပ်ကွက်များ၌ တိုက်ပွဲအတွင်း မထိခိုက်သေးသည့်နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။ ludunwayooဇူလိုင် 24, 2024
သတင်း ချောင်းဦးတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ နေအိမ်များမီးလောင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဇူလိုင် 24, 2024
သတင်း ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၊ အရပ်သား ထိခိုက်သေဆုံး ပစ်ခတ်ခံရသည့်နေရာသို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ludunwayooဇူလိုင် 24, 2024
သတင်း ကျောက်မြောင်း ခမရ(၁၂)တပ် လက်နက်ကြီးပစ်ခတ်နေ၍ ပျူစောထီးရွာများပါ ထွက်ပြေးတိမ်းရှောင်နေရ စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ ludunwayooဇူလိုင် 24, 2024
သတင်း ဖာပွန်မြို့အနီးက စစ်ဗျုဟာဆီ စစ်ကူပို့မယ့် စစ်တပ်စခန်းကို KNU ပိတ်ဆို့ထား ဖာပွန်မြို့အခြေချစစ်ဗျုဟာနဲ့ မိုင် ၃၀ ခန့်အကွာမှာရှိပြီး အင်အား ရာဂဏန်း ရှိတဲ့ ခေါပုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာလို့သိရပါတယ် ။ ludunwayooဇူလိုင် 24, 2024
သတင်း စေတီပုထိုးများရှိရာ မင်းကွန်းဒေသရှိ နေအိမ်များကို စစ်ကောင်စီ မီးရှို့ "မင်းကွန်းရွာက ၄လုံးလောက် အရှို့ခံရတယ်။ ရွာသစ်ပိုင်းလည်း အရှို့ခံရတယ်။ အိမ်ခြေ မသိရသေးဘူး။ ရှားရှောင်းရွာကတော့ အိမ်ခြေ ၂၈လုံးလောက်လို့ သိရတယ်။"ဟု Wetlet ingormational Network အဖွဲ့က ပြောသည်။ ludunwayooဇူလိုင် 24, 2024
သတင်း လားရှိုးတွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ အကျဉ်းထောင်ပွင့်ခြင်းမရှိသေးဟု ဒေသခံပြော လားရှိုးမြို့သိမ်းတိုက်ပွဲကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်တပ်များက ဇူလိုင် ၃ရက်ကတည်းက စတင်ထိုးစစ်ဆင်လျက်ရှိရာ သုံးပတ်ကြာသည်အထိ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ရင်းအချို့ကို MNDAAက သိမ်းယူထားသည်။ ludunwayooဇူလိုင် 24, 2024