Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ သို့ စစ်ကူလာ​သော စစ်​ကောင်စီတပ် ဖွဲ့စည်းပုံပျက် ဆုတ်ခွာထွက်ပြေး

TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုပြန်လည်တိုက်ခိုက်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီအင်အားသုံးရာခန့်ရှိသည့် စစ်တပ်စစါကူ စစ်ကြောင်း သည် ကျောက်မဲမြို့သို့ ဇူလိုင်လ၂၀ရက်မနက်က ရောက်ရှိလာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - TNLA

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် TNLA နှင့် PDF များတိုက်ခိုက်မှုကြောင့် ဖွဲ့စည်းပုံပျက်သွားပြီး အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုပြန်လည်တိုက်ခိုက်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီအင်အားသုံးရာခန့်ရှိသည့် စစ်တပ်စစါကူ စစ်ကြောင်း သည် ကျောက်မဲမြို့သို့ ဇူလိုင်လ၂၀ရက်မနက်က ရောက်ရှိလာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းခွဲ၍ မြို့ထဲသို့ဝင်နိုင်ရေးကြိုးပမ်းခဲ့သော်လည်း TNLAက ဖြတ်တောက်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များကပြောသည်။

Public Service Announcement

Public Service Announcement

” ညဘက်ကြီး ပြန်ဆုတ်ပြေးတာ။ သေတာတွေရော ပြန်ပြေးတာတွေရော။ အခု မြို့မှာ တိုက်ပွဲလည်း ရှိမနေတော့ဘူး။ လက်နက်ကြီးပစ်ခတ်သံတစ်ခါတလေကြားရတာပဲရှိတော့တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဇူလိုင်လ ၂၀ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ ဝိုင်းရံတိုက်ခိုက်ခံရပြီး အထိနာခဲ့သည်။မြို့အစွန်ပိုင်းနေရာများ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းမှပါတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုအချို့လည်းရှိခဲ့သည်။

ဇူလိုင်လ ၂၂ရက်ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ပြေးသွားပြီး TNLA က နယ်မြေရှင်းလေးလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့နယ်တွင် ဇူလိုင်လ (၂၀)ရက်မှ (၂၂)နေ့အတွင်း TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ရှိသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်အား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားအ​လောင်း ၅၄ ​လောင်း စစ်သုံ့ပန်း ၄၀ ဦး ရရှိခဲ့သည်။ ထို့အပြင် လက်နက် MA1(၂၆)လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း နှင့် စစ်သုံ့ပန်းတို့ပါ ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ဇူလိုင်လ ၂၃ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲမြို့ပေါ်ရှိစစ်ကောင်စီစခန်းများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားသည်။ ယခုအခါ မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) အမှတ်(၅၀၁၊ ၅၀၂)တပ်စခန်းနှစ်ခု ကျန်ရှိနေသေးသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။