Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် KTVမှ ပြန်လာသော စစ်ကောင်စီ ဗိုလ်ကြီးကို PDF များဖမ်းဆီး

ဗိုလ်ကြီးဝင်းဇော်အား စစ်ဆေးချက်အရ ၎င်းသည် လက်ရှိနေပြည်တော် အမှတ်(၂၃) တပ်မတော် ကုတင်(၂၅)ဆေးရုံတွင် တပ်ရေး၊တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာစဥ် KTV သွားရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

ဖမ်းဆီးရမိသော ဗိုလ်ကြီးဝင်းဇော်အား တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ခွင့်ရ၍ အလည် ရောက်နေသည့် စစ်ကောင်စီ​၏ ဗိုလ်ကြီးတစ်ဦး KTV မှအပြန် PDFများက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့(ဇူလိုင် ၂၄ရက်) ညနေ ၃နာရီခန့်က ပခုက္ကူမြို့၊ စက်မှုဇုန်၌ KTVမှ ပြန်လာသော ဗိုလ်ကြီးဝင်းဇော်ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်ကြီးဝင်းဇော်အား စစ်ဆေးချက်အရ ၎င်းသည် လက်ရှိနေပြည်တော် အမှတ်(၂၃) တပ်မတော် ကုတင်(၂၅)ဆေးရုံတွင် တပ်ရေး၊တပ်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာစဥ် KTV သွားရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Southern YSO PDFအဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

“သေနတ်အတိုပါတယ်ဆိုလို့ သတင်းရလို့ ဖမ်းဆီးတာ။”ဟု ကိုအောင်မောင်းက ပြောသည်။

သို့သော် ၎င်းဗိုလ်ကြီးထံမှ လက်နက်ရရှိခြင်းမရှိဘဲ Shayang 125 ဆိုင်ကယ်တစ်စီး၊ ငွေကျပ် ၆၁၈,၀၀၀ ကျပ်၊ မှတ်ပုံတင် တစ်ခု၊ လစာထုတ်ယူသည့် အင်းဝဘဏ် ATM ကတ်တစ်ခု၊ ပိုက်ဆံအိတ် ၁လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ဦးထုပ်တစ်လုံး၊ ဖုန်း ၂လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDFက အသိပေးသည်။

၎င်းသည် ဗသက-ဗထူးမြို့ အမှတ်စဉ် (၁၁၂)တွင် သင်တန်းဆင်းပြီးလုပ်သက်(၂၄) နှစ်ရှိသူဖြစ်ကာ မိခင်တပ်ရင်းမှာ ကလော ခလရ(၇) ဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးဝင်းဇော်အား စစ်သုံ့ပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သော သတင်းအချက်အလက်များကို စစ်ဆေးဆောင်ရွက်နေကြောင်း Southern YSO PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။