Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ် ကျေးရွာနှစ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ပြည်သူ ၄ ဦးသေဆုံးပြီး ၉ဦး ဒဏ်ရာရ

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလှိုင်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စောနွေဦး/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငါးလှိုင်တွင်းရွာနှင့် ကူးရွင်းကျောက်ကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အနည်းဆုံးဒေသခံပြည်သူ လေးဦး သေဆုံးပြီး ၉ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ကာကွယ်ရေးတပ်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဇူလှိုင်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” မနေ့က ညနေ ၄နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ။ သေတဲ့ပြည်သူလေးဦးထဲမှာ ကိုရင်ကြီး တစ်ပါးပါတယ်။ ကျန်တာ ပြည်သူတွေချည်းဘဲ။ ဒဏ်ရာရသူတွေလည်းရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသား ၉ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

ထိုပြင် ဇူလှိုင် ၂၄ ရက် နေ့လယ် ၁၂နာရီခွဲခန့်ကလည်း ငါးလှိုင်တွင်းရွာအနီးရှိ ရေနံမှော်ကုန်းကို စစ်ကောင်စီက လေကြောင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟုဒေသခံများက ဆိုသည်။

စလင်းမြို့နယ်၊ မကျီးကန်ရွာနှင့် ခင်ပလူကျေးရွာတို့ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟုလည်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook