Connect with us

Hi, what are you looking for?

Fact-Check

ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပါတဲ့ ဗွီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းက တိုက်ခိုက် ခံရလို့ အများအပြားသေဆုံးနေတယ်ဆိုပြီး သေဆုံးနေတဲ့ အလောင်းပုံပါ ရုပ်သံဖိုင်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

Delta News Agency

စစ်ကောင်စီရဲ့ ဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာတွေမှာ MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းက တိုက်ခိုက် ခံရလို့ အများအပြားသေဆုံးနေတယ်ဆိုပြီး သေဆုံးနေတဲ့ အလောင်းပုံပါ ရုပ်သံဖိုင်တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ “မှိုင်းဝေ” ကနေ ဇူလိုင် ၂၃ ရက်မှာ “BREAKING NEWS လေတပ်က မောင်တွေကတော့ ကြမ်းပြီဟေ့၊ မနေ့ညက လောက်ကိုင်က အပြန် လမ်းကြုံလေး ၀င်ဆွဲလိုက်တာ ခွေးမိစ္ဆာကိုးကန့်တရုတ်တွေကို အပုံလိုက်ပဲ၊ အာ့မလေး ငါကျေနပ်” (မူရင်းအတိုင်း) လို့ ရေးသားထားပြီး သေဆုံးနေတဲ့အလောင်းပုံနဲ့ ပျက်စီးနေတဲ့ မော်တော်ယာဉ်ပုံများပါ ဗွီဒီယိုတခုကို ဖြန့်ဝေ ခဲ့တာ ဒီနေရာမှာ( https://archive.ph/UALXH ) ကြည့်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

https://archive.ph/UALXH

အဲဒီသတင်းကို ‘Sit Min’ Telegram အကောင့်ကနေ “MNDAA လေကြောင်းကအစာကောက်.. ဗုဒ္ဓကို စော်ကားသူတို့ရဲ့သွားရာလမ်း” လို့ရေးသားပြီး ထပ်ဆင့်ဖြန့်ဝေတာအပြင် Khit Thit Myanmar, Ko Thet, lashio Thar အပါအဝင် စစ်ကောင်စီ ထောက်ခံတဲ့ အကောင့်တွေကနေ မျှဝေတာတွေ ပြုလုပ်နေတာကို တွေ့ရ ပါတယ်။

Sit Min- https://archive.ph/TRbzd

Khit Thit- https://archive.ph/vWzCQ

Ko Thet- https://archive.ph/vsyEc

အဲဒီပျံ့နှံ့နေတဲ့သတင်းကို Myanmar Fact-checking Network ၏ အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ စိစစ်ကြည့်တဲ့အခါ လားရှိုးအခြေစိုက် ခလရ ၆၈ တပ်ကို MNDAA ဦးဆောင်တဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂၃ ရက်မှာ သိမ်းပိုက်ရရှိလို့ MNDAA ဘက်က ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်က( https://1drv.ms/…/EUiETY7tWbZFrBzMVQhaokoBxlL11UeuuiS9t… ) စကစ တပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေဖြစ်ပြီး လေကြောင်း တိုက်ခိုက်ခံရတဲ့ MNDAA တွေလို့ လိမ်လည် ဝါဒဖြန့်ရေးသားထားတဲ့ သတင်းမှားဆိုတာကို သိရှိရပါတယ်။

မူရင်းရုပ်သံဖိုင်- video MNDAA original.mp4

လွတ်လပ်ပြီး ယုံကြည်ရတဲ့ Western News, Ayeyarwaddy Times စတဲ့ မီဒီယာတွေက “ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အခြေစိုက် လားရှိုး -မိုင်းယော်လမ်းမပေါ်က ခလရ ၆၈ နဲ့ ခလရ ၄၁ တပ်စခန်း တွေကို MNDAA ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ဇူလိုင် ၂၃ ရက်မှာ သိမ်းပိုက်ရရှိပြီးတော့ ခလရ ၆၈ ကို သိမ်းပိုက်ပြီးချိန် MNDAA က ရိုက်ကူးထားတဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေနဲ့လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့ ဗီဒီယိုဖိုင်ကို လော်ဘီတွေက လေကြောင်းတိုက်ခိုက်ခံရလို့ MNDAA တပ်ဖွဲ့ဝင်တွေ သေဆုံးနေတယ်ဆိုပြီး သတင်းအမှားတွေ ဝါဒဖြန့်နေကြတယ်လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

Western News Link- https://archive.ph/LKov7

Ayeyarwaddy Times Link- https://archive.ph/4s835

ဒါအပြင် သီပေါဘက်အထွက် လားရှိုးမြို့ဝင်မုခ်ဦးအနီးက ခလရ ၄၁ နဲ့ ဟိုပိတ်အထွက် စစ်မှုထမ်းဟောင်း တွေနေတဲ့ ရှမ်းကုန်းရွာအနီးက ခလရ ၆၈ တပ်ရင်းနှစ်ခုလုံးကို MNDAA က သိမ်းပိုက်စဉ် လက်နက်ခဲ ယမ်းများနဲ့ စကစတပ်သားအလောင်းတွေပုံကို MNDAA ကရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာ တွေ့နိုင်သော် လည်း စကစလော်ဘီတွေက ရုပ်သံဖိုင်မှာပါတဲ့ ကိုးကန့်စကားသံကိုဖျောက်ပြီး MNDAA တပ်သားတွေ သေဆုံးနေတာပါဆိုပြီး လိမ်လည်ဝါဒဖြန့်နေတာလို့ Tachileik News Agency ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

Tachileik News Agency- https://archive.ph/V5JXA

စစ်ကောင်စီဟာ ဇူလိုင်လ ၂၂ ရက်က ပဲခူးတိုင်း၊ တိုက်ကြီးရှိ တပ်မဟာ ၄ နဲ့ မှော်ဘီ ခလရ ၁၆ က လေထီး တပ်ဖွဲ့တွေကို လေကြောင်းကနေချပြီး လားရှိုးမှာ စစ်ကူပေးခဲ့ပေမဲ့ ခလရ ၆၈ ကျသွားတာလို့ Mekong News ရေးသားထားတာနဲ့ ခလရ ၄၁ နဲ့ ၆၈ ကျသွားလို့ စကစဟာ မြို့တော်ခန်းမမှာ ခံစစ်ပြင်နေတယ် ဆိုပြီး People’s Spring ကရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

People’s Spring- https://archive.ph/o74tV

Mekong News- https://archive.ph/8XyOM

စစ်ကောင်စီဟာ လားရှိုးမြို့နဲ့ ရမခ လို့ခေါ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မကျရေးအတွက် ရှိသမျှ တပ်ဖွဲ့ဝင်အင်အား၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ခုခံနေပေမဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးမှုများ ပြားနေပြီး တပ်စခန်းတွေကျရှုံးတာနဲ့ လက်နက်ချအညံ့ခံတာတွေဖြစ်နေလို့ ကျန်တပ်ဖွဲ့ဝင်တွေ စိတ်ဓါတ်ကျ တာတွေမဖြစ်အောင်အားပေးတဲ့အနေနဲ့သတင်းမှားတွေကို ဝါဒဖြန့်လိမ်လည်ရေးသားနေတာတွေ့ရပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com) ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။