သတင်း ကျင်ဒွေးသို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာလာ၊ တိုက်ပွဲဆက်ရှိနိုင်ဟု ဆောဒေသခံပြော မကွေးတိုင်း ဆိပ်ဖြူ မှလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း၊ ယာဉ်တန်းသည် ဇူလိုင်လလယ်တွင် ဆောမြို့နယ်မှ ကျင်ဒွေးသို့ သွားရောက်ရာ လမ်းခရီး၌ ဒေသခံ CDFနှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။ LuduNwayOoဩဂုတ် 1, 2023
သတင်း ကျွန်းစုမြို့နယ်တွင် ကလေးငယ်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ပြည်သူ ၁၅ ဦး ခြောက်ရက်ကြာသည်အထိ ပြန်မလွတ်သေး လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ LuduNwayOoဩဂုတ် 1, 2023
သတင်း ပခုက္ကူခရိုင် PDF တပ်ရင်းများတိုက်ခိုက်မှုကြောင့် ဇူလိုင်အတွင်း စစ်ကောင်စီတပ် ၆၀ကျော် သေဆုံးဟု ထုတ်ပြန် တိုက်ပွဲဖြစ်ပွားရာဒေသများမှာ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆောမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ဖြစ်ပြီး တိုက်ပွဲများအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ LuduNwayOoဩဂုတ် 1, 2023
သတင်း လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်၂၀ဦးသေ၊ လက်နက် ရှစ်လက်ရဟု KNDF အသိပေး ဇူလိုင် ၂၀ရက်မှစ၍ စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း ရေတာရှည်မြို့နယ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ် လှေတစ်စင်းတိုက်ခိုက်ခံရ ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်လျှက်ရှိရာ ဇူလိုင် ၂၆ ရက်က ဒိုးတန်းအုပ်စု၊ အောင်ချမ်းသာရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၆)မှ သွားရောက်တိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း ဒီပဲယင်းမြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ခိုက် ကံပြားကျေးရွာစစ်ကောင်စီဂိတ်သည် ဒီပဲယင်းမြို့အဝင် တစ်နေရာတွင် ရှိပြီး စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည်ဟု သိရသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း ဘားအံတံတား၌ ကားမိုင်းပေါက်ကွဲ၍ စစ်ကောင်စီတပ် ထိခိုက်မှုရှိ ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း မင်းတပ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီယာဥ်တစ်စီးကို CDF တိုက်ခိုက် မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 30, 2023
သတင်း TNLAနှင့် စစ်ကောင်စီတပ်၏ မူဆယ် နမ့်ကတ်ရွာတိုက်ပွဲ ၁၂နာရီကြာမြင့်ခဲ့ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာဘက်မှလာသည့် စစ်ကောင်စီတပ်က TNLAတပ်ဖွဲ့ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင်လာစဉ် TNLAက ပြန်လည်ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။ LuduNwayOoဇူလိုင် 30, 2023
သတင်း ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာ ခဏရင်ဆိုင်ရလျှက်ရှိရာ ဇူလိုင် ၁၉ ရက် ကလည်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)နှင့် တော်လှန် ရေးပူးပေါင်းတပ်များက ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoဇူလိုင် 30, 2023