Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ် လှေတစ်စင်းတိုက်ခိုက်ခံရ

ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်လျှက်ရှိရာ ဇူလိုင် ၂၆ ရက်က ဒိုးတန်းအုပ်စု၊ အောင်ချမ်းသာရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၆)မှ သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

(တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ - ၄ မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF)
(တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ - ၄ မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF)

ရေတာရှည်မြို့နယ်တွင် စစ်တောင်းမြစ်ကြောင်းအတိုင်း ကင်းလှည့်လာသော စစ်ကောင်စီတပ်၏ လက်ထိုးလှေတစ်စင်းကို လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခန့်က ရေတာရှည်မြို့ နယ်၊ ဒိုးတန်းကျေးရွာအရှေ့ဘက် စစ်တောင်းမြစ်ကြောင်းအတိုင်း လက်ထိုးလှေဖြင့်ကင်းလှည့်လာသော စစ်ကောင်စီတပ်ကို ပင့်သီလာရွာနှင့် ဇရစ်ရိုးကျေးရွာကြားမြစ်အရှေ့တွင် တောင်ငူခရိုင် PDFတပ်ရင်း (၃၅၀၁)၊ တပ်ခွဲ(၄)နှင့် နေပြည်တော် PDFအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိ၍ တော်လှန် ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ရင်း(၃၅၀၁)က အသိပေးသည်။

Public Service Announcement
Public Service Announcement

ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်လျှက်ရှိရာ ဇူလိုင် ၂၆ ရက်က ဒိုးတန်းအုပ်စု၊ အောင်ချမ်းသာရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၆)မှ သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

“စစ်တောင်မြစ်တစ်ဖက်ကမ်းကအင်အားအချို့ဖြင့် ကင်းထောက်ထားခဲ့ပြီး လက် ယှက်လှေဖြင့် အရပ်ဝတ်ဝတ်ထားတဲ့ ခြောက်ယောက်ဟာ တံငါသည်ပုံဖမ်းကာ မြစ်ကူးရန်ကြိုး စားခဲ့ပါတယ်။ ထိုအချိန်မှာ ကျွန်တော်တို့ကင်းပွိုင့်ဟာ ​ပြည်သူတံငါသည်၊ ရေလုပ်သားများနှင့် မှားမည်စိုးရိမ်သောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။ ကျွန်တော်တို့ပစ်ခတ်မှုအရ စစ်တောင်းမြစ်အနောက်ဖက်ကမ်းသို့ ပြန်လည်ထွက် ပြေးရန်ကြိုးစားခဲ့ပါတယ်။ တစ်ဖက်ကမ်းတွင် ကင်းထောက်ကျန်ရှိနေသူအချို့မှ လက်နက် ငယ်များဖြင့်ပြန်လည်ပစ်ခတ်လာသောကြောင့် မိမိတို့ဘက်နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ပစ်ခတ်ခဲ့စဥ် မြစ်ကြောင်းအတွင်းမှရန်သူတွေဟာ ပြန်လည်ပြေးလွှားပြီးမြစ်ကမ်းကို တက်ပြေးခဲ့ပါတယ်”ဟု တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။