Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမြို့နယ်တွင် ကလေးငယ်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ပြည်သူ ၁၅ ဦး ​ခြောက်ရက်ကြာသည်အထိ ပြန်မလွတ်သေး

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

ကျွန်းစုမြို့တွင် ဆိုင်းဘုတ်အချို့အားလိုက်လံ ဖြုတ်သိမ်းနေသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဥ်(ပုံဟောင်း/CJ)
ကျွန်းစုမြို့တွင် ဆိုင်းဘုတ်အချို့အားလိုက်လံ ဖြုတ်သိမ်းနေသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဥ်(ပုံဟောင်း/CJ)

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် လသားအရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၅ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ရာ ယနေ့(သြဂုတ် ၁)ခြောက်ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

အဖမ်းခံရသော ပြည်သူ ၁၅ ဦးသည် ဇူလိုင် ၂၇ ရက်နေ့ည ၈ နာရီခန့်က မြိတ်မြို့မှတဆင့် ကျွန်းစုမြို့နယ်မြိုင်သာယာကျေးရွာသို့ စက်လှေဖြင့်ပြန်လာစဥ် ချောင်းဝတွင် စစ်ဆေးရေးလုပ်ဆောင်နေသော သဇင်ရဲစခန်းမှ ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်​သည်။

စစ်ကောင်စီရဲများက ပြည်သူများစီးနင်လာသည့် စက်လှေအားစစ်ဆေးချိန် လှေပေါ်ပါသည့် ဆန်နှင့် စားနပ်ရိက္ခာများကို တွေ့ရှိရာမှ တော်လှန်ရေးတပ်ဖွဲ့များထံ ထောက်ပံ့သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းဆီးခံရတာက ကျွန်းစုမြို့နယ် သဇင်ရဲစခန်းနားမှာပါ။ မြိတ်ကနေ ကျွန်းစု-မြိုင်သာကျေးရွာကိုပြန်အလာမှာ ဖမ်းခံလိုက်ရတာ”ဟု ကျွန်းစုမြို့နယ်မှ ဒေ သခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲများ၏ မတရားဖမ်းဆီးခံလိုက်ရသူများသည် မြိုင်သာယာကျေးရွာမှ ဒေသခံပြည်သူများဖြစ်ပြီး ကလေးငယ်သုံးဦး၊ အမျိုးသားသုံးဦးနှင့် အမျိုးသမီးကိုးဦး အသီးသီးပါဝင်ကာ သဇင်ရဲစခန်း ၌ထားရှိစဥ် ရိုက်နှက်နှိပ်စက်ခံရမှုများလည်းရှိခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။