Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူခရိုင် PDF တပ်ရင်းများတိုက်ခိုက်မှုကြောင့် ဇူလိုင်အတွင်း စစ်ကောင်စီတပ် ၆၀ကျော် သေဆုံးဟု ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားရာဒေသများမှာ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆောမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ဖြစ်ပြီး တိုက်ပွဲများအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

(မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)

မကွေးတိုင်း ပခုက္ကူခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်တပ်ရင်းများနှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်အတွင်း တိုက်ပွဲ ၂၀ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း PDF စစ်ရုံးချုပ်က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင်အတွင်း ပခုက္ကူခရိုင်အမှတ် တပ်ရင်း (၂) ၊(၃)၊(၄)၊(၅)၊(၆)၊(၈)၊(၁၀)၊(၁၁)၊(၁၂)နှင့် (၁၉) တပ်ရင်းများနှင့် စစ်ကောင်စီ လက်အောက်ခံတပ်များ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီ၏ တပ်မ (၅၅)၊ တပ်မ (၇၇)၊ တပ်မ(၉၉)၊ တပ်မ (၁၀၁)၊ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ ခလရ(၂၅၈)၊ ခလရ(၂၅၁)၊ ပျုစောထီး ပူးပေါင်းအင်အား များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့တပ်သား ၆၃ဦး သေဆုံးခဲ့ပြီး ၈၀ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာဒေသများမှာ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆောမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ဖြစ်ပြီး တိုက်ပွဲများအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ပခုက္ကူခရိုင်အတွင်း၌ စစ်ကောင်စီတပ်အား တိုက်ခိုက်မှုများအနက် အချို့မှာ ဇူလိုင် ၂၅ ရက် ညနေ ၄နာရီခန့်က ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာစစ်ဆေးရေးဂိတ်မှ စစ်သားနှင့်ပျူစောထီးခြောက်ဦးသည် Alphard ကားဖြင့် ပြန်လာစဥ် ကန်တော်ရွာနှင့်ကမ္မမြို့ကြားတွင် မြိုင်(ပကဖ) တပ်ရင်း – ၁ တပ်ခွဲ (၅)အဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“ကမ္မမှာ သောက်တာစားတာလုပ်မယ်ထင်တယ်။ ကန်တော်နဲ့ ကမ္မကြားမှာ စောင့်ပြီး ဝင်ပစ်တာ။”ဟု မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

ဇူလိုင် ၂၄ရက် ညနေ ၃နာရီခန့်ကလည်း ပခုက္ကူခရိုင်ရှိ မြိုင်မြို့နယ် နှောပင်ရွာမှ ဒေသခံပြည်သူ ၁၀ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်လာသည့် စစ်ကောင်စီတပ်နှင့် ပျူများအား ဒရုန်းဖြင့် ဗုံးများချ၍ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်(ပကဖ)တပ်ခွဲ(၂) Young Force(UG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အင်အားက၈၀ လောက်ပါတယ်။ ပခုက္ကူ ကနေစစ်ကြောင်းလာတာပါ။ဗုံးသီးကတော့လေးလုံးပါ။”ဟု ၎င်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက ပခုက္ကူ – ရေစကြို လမ်းပိုင်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး​သေဆုံးကြောင်း Young Force(UG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook