Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စွဲထားသည့်မြောက်ဥက္ကလာပမြို့နယ်ခန်းမနှင့် ရွှေပေါက္ကံထွေအုပ်ရုံး အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခံရ

စစ်ဆင်ရေးကြောင့်စစ်ကောင်စီဘက်မှ ဒဏ်ရာရနိုင်သော်လည်း အတည်မပြုနိင်သေး‌ကြောင်း၊ မြို့နယ်ခမ်းမသို့ ဆေးရုံကားများ လာရောက်ခဲ့သည်ဟု မြေပြင်မှ သတင်းရကြောင်း ယင်းတာဝန်ရှိသူကပြောသည်။

(၂၀၂၁ ခုနှစ်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကုန်မြို့၌ညပိုင်းအချိန်တွင် အင်အားအများအပြားဖြင့် ဧည့်စာရင်းလိုက်စစ်​နေစဥ်။ဓါတ်ပုံ-CJ)
(၂၀၂၁ ခုနှစ်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကုန်မြို့၌ညပိုင်းအချိန်တွင် အင်အားအများအပြားဖြင့် ဧည့်စာရင်းလိုက်စစ်​နေစဥ်။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ခန်းမ၌ တပ်စွဲထားသည့်စစ်ကောင်စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း KMD18- မြိုပြကျီးကန်း (Crow Squad) အဖွဲ့မှတာဝန်ရှိသူကပြောသည်။

ဩဂုတ် ၁ ရက် ည ၉ နာရီခွဲခန့်တွင် စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နွေဦးအောင်လံ စစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ည ၉ နာရီခွဲဝန်းကျင်တွင် မြောက်ဥက္ကလာ အဝိုင်းနှင့် မြို့နယ်ခန်းမ အနီးတွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရကြောင်း မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးကလည်း ပြောသည်။

” ည ၉ ခွဲကျော်လောက်က အဝိုင်းဘက်မှာ ဗုံးပေါက်ကွဲသံ အကျယ်ကြီး တချက်ကြားလိုက်ရတယ်။ ခဏနေတော့ မြောက်ဥက္ကလာ သန္တာထိပ်ကနေ လူနာတင်ကားသံတွေ၊ စစ်ကားတွေ ဝီစီမှုတ်ပြီး အပြင်းမောင်းသွားတဲ့ အသံတွေ ကြားလိုက်ရပါတယ်။ ပေါက်တာက အဝိုင်းထိပ်က မြို့နယ်ခန်းမနားလို့ ပြောကြတယ် ” ဟု ​ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြောက်ဥက္ကလာပမြို့နယ် မော်ကျွန်းမှတ်တိုင်အနီးနှင့် ဘုရားအနီးကြိုးတံတားတို့တွင်စစ်ကောင်စီ ပိတ်ဆို့ရှာ​ဖွေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင်စစ်ကောင်စီဝင်များသည် မြောက်ဥက္ကလာ အဝိုင်းလမ်းဆုံ မီးပွိုင့်၊ ဆေးတက္ကသိုလ် (၂) ရှိရာ ခေမာသီလမ်းနှင့် မြောက်ဒဂုံအဆင်း ​မြောက်ဥက္ကလာပ ဘက်အခြမ်း ကျိန်သစ္စာရှင်ဘုရားဘက်ခြမ်းတို့တွင် လမ်းများ ပိတ်ဆို့၍ စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့နေ အဌားယာဥ်မောင်း တစ်ဦးက ပြောသည်။

စစ်ကောင်စီ ဘက်မှ ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း အဖွဲ့သားအားလုံးဘေးကင်းကြောင်းမြို့ပြကျီးကန်းမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

စစ်ဆင်ရေးကြောင့်စစ်ကောင်စီဘက်မှ ဒဏ်ရာရနိုင်သော်လည်း အတည်မပြုနိင်သေး‌ကြောင်း၊ မြို့နယ်ခမ်းမသို့ ဆေးရုံကားများ လာရောက်ခဲ့သည်ဟု မြေပြင်မှ သတင်းရကြောင်း ယင်းတာဝန်ရှိသူကပြောသည်။

“ယနေ့မှာဆိုရင်ဖြင့် အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ဘီလူးရုပ်ကို မင်းသားခေါင်းစွပ် ဘုရားဒကာယောင်ယောင် ဟန်ဆောင်ကာ ပြည်သူအားလုံးကိုလိမ်ညာလှည့်စားပြီး လွတ်ငြိမ်းခွင့်တွေပေးနေပေမဲ့ အတုအယောင်ပဲဖြစ်တယ်ဆိုတာ ကျွန်တော်တိုအားလုံး နားလည်ထားပြီးဖြစ်ပါတယ်။ လုံးဝလွတ်ငြိမ်းခွင့်ကိုတော့ မိမိတိုအနေဖြင့် ဆက်လက်တိုက်ယူသွားရမှာဖြစ်ပါတယ်။ ” ဟု ​မြို့ပြ​ပြောက်ကျားအဖွဲ့ အသိ​ပေးသည်။

ထို့အပြင် ဩဂုတ် ၁ ရက် ည ၈နာရီကျော်တွင် စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံ ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၂ ကဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။