သတင်း တကောင်းမြို့ဦးတည်ပြီး စစ်တပ်စစ်ကြောင်းဆက်တိုး၊ တိုက်ပွဲဆက်ပြင်းထန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က တကောင်းမြို့ဘက်ကိုဦးတည် စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် အရပ်သား သေဆုံးမှု တွေပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း KNUညောင်လေးပင်ခရိုင်မှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၃ဦး အပါအဝင် ၅ဦး ဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်က အရပ်သားပြည်သူနေထိုင်ရာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ ပြည်သူလူထု ထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း ခင်ဦးမှာ စစ်တပ်က မီးရှို့လို့ ကျပ်သိန်းထောင်ချီတန်တဲ့ ဆန်စက်၂လုံးအပါအဝင် အဆောက်အအုံတွေ မီးလောင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ စစ်တပ်က မီးရှို့လို့ ကျပ်သိန်းထောင်ချီတန်တဲ့ ဆန်စက်ကြီး ၂လုံးအပါအဝင် အဆောက်အအုံ ၉လုံးမီးလောင်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း ခေါဇာမြို့ စျေးရှေ့ကင်းလှည့်နေတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခေါဇာမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ညီနောင်တပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 26, 2026
သတင်း ကျောက်တံခါးမြို့နယ်က ကျေးရွာကို စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2026
သတင်း ကျိုက်ထိုနယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၁၀ ရက်ကျော်ကြာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2026
သတင်း မြင်းမူမြို့နယ် အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ၉ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2026
သတင်း ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက တော်လှန်ရေးရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့အချက်အလက်တွေကို စစ်တပ်ထံပေးပြီးစစ်တပ်ကမီးလိုက်ရှို့နေ ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက ပေးလိုက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2026
သတင်း ချောင်းဦးမှာ စစ်တပ်က စစ်ကြောင်းထိုးလာနိုင်လို့ လမ်းပိုင်းတစ်ခု ယာယီပိတ် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာနိုင်လို့ ချောင်းဦး-မယ်သည်းကြိုးလမ်းပိုင်း ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 24, 2026
သတင်း ဗိုလ်နဂါးကို စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ထိန်းသိမ်းထား စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။ LuduNwayOoဖေဖော်ဝါရီ 24, 2026