သတင်း ပုပ္ပါးမှာ စစ်တပ်က ကျေးရွာတွေ နှစ်ရက်ဆက်မီးရှို့ပြီး ထန်းတောင်သူတစ်ဦး ပစ်သတ် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်တပ်က နှစ်ရက်ဆက် ကျေးရွာတွေကို မီးပတ်ရှို့နေပြီး ထန်းတောင်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း တကောင်းမြို့အနီးကို စစ်တပ် လေကြောင်းတိုက်၊ တော်လှန်ရေးရဲဘော်တချို့ကျဆုံး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော်တွေကျဆုံးမှုရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း ဖလမ်းမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်၊ စစ်တပ် Y12နဲ့ ချပေးတဲ့ ခဲယမ်းထုပ်အချို့ ချင်းတပ်ဖွဲ့သိမ်းရ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းက ချပေးတဲ့ ခဲယမ်းထုပ်အချို့ သိမ်းရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း ပခုက္ကူမြို့အနီးမှာ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်မှုရှိဟု PDFပြော မကွေးတိုင်း၊ ပခုက္ကူမြို့အနီးမှာ စစ်တပ်ကိုတိုက်ခိုက်ရာ ငါးဦးထိခိုက်သေဆုံးပြီး လက်နက် တစ်လက်သိမ်းရတယ်လို့ ပခုက္ကူခရိုင် Localတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း သရက်ချောင်းမြို့နယ်မှာ စစ်တပ် လက်ချက် ကြောင့် လဝက်အတွင်း ပြည်သူ ၈ဦးသေ၊ ၁၀ဦးဒဏ်ရာရ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဖေဖော်ဝါရီ ၁၁ရက်ကနေ ၂၇ရက် အတွင်း ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooမတ် 4, 2026
သတင်း ကန့်ဘလူ စပါယ်နံ့သာဂိတ်မှာ စစ်အုပ်စုကကုန်ကားတွေ ဖမ်းနေလို့ ကုန်ကားသမားတွေ အခက်တွေ့နေ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ကုန်ကားတွေဖမ်းဆီးခံရပြီးတဲ့နောက် ကုန်ကားသမားတွေဟာ ကွင်းလမ်းကို အသုံးပြုသွားလာနေရတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း ထားဝယ် GTCရှေ့က စစ်တပ်တိုက်ခိုက်တဲ့ ရုပ်သံမှတ်တမ်း DNLAထုတ်ပြန် တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။ ludunwayooမတ် 4, 2026
သတင်း ပုလဲမှာ တိုက်ပွဲဆက်ပြင်းထန်၊ စစ်တပ်က ဓာတုဗုံး အသုံးပြုဗုံးကြဲ ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဓာတုဗုံးအသုံးပြုတိုက်ခိုက်နေပါတယ်။ ludunwayooမတ် 4, 2026
သတင်း ထားဝယ် GTCက စစ်တပ်ကို DNLAထပ်မံတိုက်ခိုက် စစ်သား ၃ဦးသေ၊ လက်နက် ၃လက်ရ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooမတ် 3, 2026
သတင်း ပေါင်းတည်မှာ ဒေသခံတွေ ဖမ်းဆီးလာတဲ့ စစ်တပ်ကို PDFတိုက်ခိုက် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က ဒေသခံပြည်သူ ၂ဦးကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းက ဒီနေ့ မတ်လ ၂ရက်မှာထုတ်ပြန်ပါတယ်။ ludunwayooမတ် 3, 2026