Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်သားစုဆောင်းပြီး လူလှိုင်းစစ်ဆင်ရေးနဲ့ နယ်မြေထိန်းချုပ်ဖို့လုပ်နေတာလို့ တော်လှန်ရေးတပ်မှူးတွေ ပြော

စစ်သားသစ်စု​ဆောင်းမခံရဖို့ ၊​ပေါ်တာဆွဲမခံရ​အောင် ပြည်သူ​တွေသတိထားကြဖို့တိုက်တွန်း

(စစ်တပ်က စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကိုတွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

မေ-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က နယ်မြေ အသီးသီးကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ပုံစံဟာအဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့ အသက်ကို ရင်းပြီး လူလှိုင်းစစ်ဆင်ရေးနဲ့ နယ်မြေတွေ ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ တပ်မှူးတွေက ပြောကြားလိုက်ပါတယ်။

အခုလပိုင်းတွေမှာ စစ်တပ်က ကချင်၊ချင်း၊စစ်ကိုင်း ၊ရခိုင် ၊ကရင် ၊ကရင်နီ ၊မကွေး ၊ပဲခူး၊မွန် ၊တနသာ်ရီ စတဲ့ ဒေသအစုံကို စစ်အင်အားအများကြီးနဲ့ စစ်ကြောင်းတွေထိုးနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက တာဝန်ရှိသူတွေကို မေးမြန်းရာ စစ်မှုထမ်းတပ်သားသစ်တွေကို စတေးပြီး အာဏာသိမ်းစစ်တပ်က စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ လုပ်နေတာကို ထောက်ပြ သတိပေးတာဖြစ်ပါတယ်။

” သူတို့က အင်အားအလုံးအရင်းနဲ့ တဝက်လောက်ကို စစ်မြေပြင်မှာ ဆုံးရှုံးမယ်။ကျန်တဲ့ တဝက်ကို နယ်မြေထိန်းချုပ်မယ် အဲဒီလို ပုံစံနဲ့လူကိုရင်းတာပေါ့။အဲဒါကို ပြည်သူတွေ သိဖို့ လိုပါတယ်။ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ဘူး ရှိတဲ့သူနဲ့ ကျွန်တော်တို့ အနိုင်ရရှိရေးကို နည်းနည်းနဲ့ ကြဲကြဲ၀ိုင်းမယ်” လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုခရိုင် ၊အမှတ် (၉၇၀၆)တပ်ရင်း ၊ တပ်ရင်းမှူးကိုလကျာ်ကလည်း “ကျွန်တော်တို့လက်တွေ့ကိုကြုံတာရှေ့မှာက ငယ်ငယ်လေးတွေဗျ။ တချို့ကလေးတွေဆိုလို့ရှိရင် ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိမှာ ။ သေတဲ့ကလေးတွေက ။အဲဒီတော့ ပြီးတော့ ပြန်သိရတဲ့ အခြေအနေကလည်း သူတို့နောက်က‌နေပြီး သေနတ်နဲ့ ထောက်ထားတယ်။ အဲဒီ့အခြေအနေကိုရှေ့ကနေပြီးတော့ တောက်လျှောက်တွန်းခိုင်းတာမျိုးရှိတယ်ပေါ့ဗျာ။ သေ

တွင်းထဲတောက်လျှောက် ၊ ဘယ်လိုခေါ်မလဲ။ သူတို့ကခွဲခြားတဲ့ အခြေအနေတွေရှိတယ်ဗျာ။ သန္ဓေ စကစ စစ်သားနဲ့ ‌အခု‌ကဒီပေါ်တာဆွဲတဲ့ ကလေးတွေနဲ့ဟာတွေကဘယ်လိုပြောရမလဲဆိုတော့ ကွာတယ်ပေါ့။ သူတို့ကိုပဲရှေ့ကတက်ခိုင်းတဲ့ အခြေအနေတွေရှိတယ်”လို့ ပြောပါတယ်။

စစ်တပ်က လူငယ်​တွေကိုစစ်သားသစ်စု​ဆောင်းပြီး အ​သေခံစစ်တိုက်ခိုင်း​နေတဲ့အ​ခြေအ​နေ​ကြောင့် ပြည်သူ​တွေစစ်သားသစ်စု​ဆောင်းမခံရဖို့၊​ပေါ်တာဆွဲမခံရ​အောင် ပါးနပ်စွာ​နေထိုင်ကြဖို့ကိုလည်း ​တော်လှန်​ရေးတပ်ဖွဲ့​တွေကသတိ​ပေးပါတယ်။

စစ်တပ်က ထွက်ပြေးပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကလည်း စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတပ်သားတွေကို ခွဲခြားဆက်ဆံတာ၊ တိုက်ပွဲတွေမှာ ရှေ့တန်းက အသေခံတိုက်ပွဲဝင်ခိုင်းတာ၊ ရှေ့တက်ဖို့ ငြင်းဆန်ရင် ပစ်သတ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်တာတွေရှိတယ်လို့ ထွက်ဆိုထားပါတယ်။

” စစ်ရေးမှာတော့ သူတို့က စစ်မှုထမ်းအင်အားတွေ စုဆောင်းထားတယ်။ ပြီးတော့လေကြောင်းရန်တွေ ပြီးတော့ဒရုန်းတွေကအစ ပိုပြီးတော့ သုံးလာနိုင်တဲ့ အခြေအနေပေါ့ သူတိုက တနေရာမှာ အင်အားအလုံးအရင်းနဲ့ အဲဒီလိုမျိုး သွားနေတဲ့ အနေအထားမှာရှိတယ်။ အရင်လိုမဟုတ်ဘဲ သူတို့က အင်အားအလုံးအရင်းနဲ့ လူလှိုင်းစစ်ဆင်ရေး ပုံစံနဲ့ လုပ်တာ။ လူကို ရင်းတာပေါ့။ပြောချင်တာကအင်အား ၆၀၀မှာ၃၀၀ ကပြိုပါစေ ၃၀၀ ကအထိုင်ကျန်မယ်ဆိုတဲ့ ပုံစံနဲ့ ကစားလာတာပေါ့။အဲဒါအပြင် သူတို့မှာ အားသာချက်ကတော့ လေကြောင်းပစ်ကူနဲ့ဒီဒရုန်းတွေဆူဆိုက်ဒရုန်းတွေ ပိုသုံးလာနိုင်တဲ့ အနေအထားမှာ ရှိတာပေါ့။အဲဒါကတော့တနိုင်ငံလုံး အတိုင်းအတာနဲ့ သူ့ရဲ့ဗျူဟာပေါ့နော်။ကျွန်တော်တို့ကလည်းအတက်နိုင်ဆုံးစစ်ဗျူဟာပေါ့ ကျွန်တော်တို့တိုက်ခိုက်မှု ပုံစံကို ပြန်ပြောင်းရမှာပေါ့။ ပြောင်းလဲ ပြောင်းနေပါတယ်” လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၃၃)ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ကလည်း စစ်တပ်က အင်အားအများအပြား အသုံးပြု စစ်ကြောင်းထိုးတာတွေက အင်အားတွေ လိုသလောက်စုရတယ်ဆိုတဲ့ အတွေးနဲ့ လုပ်နေတာလို့လည်း သုံးသပ်ပါတယ်။

“ပေါ်တာ ဆွဲ ရတယ်‌ဆိုတဲ့ မျှော်မှန်ချက်တွေ နဲ့ အသေခံ တက်ခိုင်းထိုးခိုင်းနေကြတာပါ ဒီထဲမှာမလည်တဲ့ မပါးတဲ့သူကတော့ ရှေ့တန်းပို့ခံရရင် သေမှာပါဘဲ၊လည်တဲ့ပါးတဲ့သူဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူပေါင်း လက်နက်ချ အဲ့တာ ဆို သူတို့အတွက် အခွင့် အလမ်းတွေ ရမယ် ၊ ဂုဏ်ပြုဆုငွေတွေ ရနိုင်ပါမယ်၊”လို့ ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။

လက်ရှိ ကာလမှာ အထူးသတိထားရမှာ ဖြစ်ကြောင်း၊ စစ်တပ်က ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးစားနေသလို တရုတ်အကူအညီနဲ့ နယ်မြေတွေ ပြန်တောင်းနေတာရှိကြောင်း ရဲဘော်စောဂျိမ်းက ပြောပါတယ်။

ပြည်သူနဲ့ တော်လှန်ရေးတပ်တွေအကြား သွေးခွဲတာကို သတိပြုဖို့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် ကြုံလာသမျှကို ကြံ့ကြံ့ခံဖို့ လိုကြောင်းလည်း ရဲဘော်စောဂျိမ်းစ်က ပြောါပတယ်။

” ဒါမှ စစ်ကျွန် စနစ်ဆိုးက လွတ်မှာပါ။ နိုင်ပါ့မလား မမေးနဲ့ နိုင်နေပြီ။ ဘယ်လို နိုင်လဲမေးရင် စကမ အကြမ်းဖတ်ကို နိုင်ငံတကာဝင်ဆန့်နိုင်အောင် မနည်းရုန်းနေရသလို အာဆီယံတောင် ဘောင်မဝင်နေပါဘူး ။ ကျနော်တို့ တော်လှန်ရေးတပ်တွေ ခုကာလ ခုခံ စစ်အနေနဲ့ ခဏ တာ ဆုတ်ပေးနေရပေ့မဲ့ မကြာခင် နယ်မြေတွေ ပြန်ထိန်းလာနိုင်မှာမို့ ပြည်သူတွေ စိတ်ဓါတ်မကျပါနဲ့၊ မိမိတို့ တပ်တွေကို ဒီထက် ပိုစနစ်ကျစေဖို့ ပြင်ဆင်မွမ်းမံနေကြသလိုယခုထပ် ပိုစနစ်ကျတဲ့ ပိုအားကောင်းတဲ့ တပ်တွေ အနေနဲ့ မြင်လာကြရမှာပါဗျ။ ကျတော်တို့ နိုင်ရာ ဆက်ကူကြမယ်၊ကျတော်တို့အတူ ဆက်ကြုံးကြမယ်၊ ကျတော်တို့အတူ ဆက်ရှိနေပါမယ်”လို့ PDF ဗျူဟာ(၂၂)ဗျူဟာမှူးက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။