Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာစစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးလူနေရပ်ကွက်အတွင်းကျ ပေါက်ကွဲမီးလောင်

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာဒီကနေ့ မေလ၁၇ရက် နေ့လယ်ပိုင်းက စစ်တပ်ဗျူဟာကုန်းကပစ်ခတ်တဲ့လက်နက်ကြီး လုံးခင်းကျေးရွာ အုပ်စုအတွင်း ကျရောက်ပေါက်ကွဲလို့ နေအိမ်အချို့မီးလောင်နေပါတယ်။

စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လုံးခင်းကျေးရွာထဲကျရောက်ပေါက်ကွဲပြီး မီးလောင်နေစဉ်။ ဓာတ်ပုံ - CJ

မေ-၁၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာဒီကနေ့ မေလ၁၇ရက် နေ့လယ်ပိုင်းက စစ်တပ်ဗျူဟာကုန်းကပစ်ခတ်တဲ့လက်နက်ကြီး လုံးခင်းကျေးရွာ အုပ်စုအတွင်း ကျရောက်ပေါက်ကွဲလို့ နေအိမ်အချို့မီးလောင်နေပါတယ်။

မနက် ၁၁နာရီခန့်ကစတင်ပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေရာ နေ့လယ်၁၂နာရီကျော်မှာ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဗျူဟာကုန်းကနေလက်နက်ကြီးတွေခဏခဏပစ်နေတာ။တစ်ချို့ကျည်တွေကမကွဲသေးဘဲနဲ့ ရှိနေတယ်။ ကွဲတဲ့အလုံးကျတော့လည်း လူနေအိမ်တည့်တည့်ကိုထိတာ။ မီးလောင်တာကို လှမ်းမြင်နေရတယ်။ ဘာတွေဘယ်လိုထိခိုက်တယ်တော့ မသိရသေးဘူး”လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာဖားကန့်မြို့နယ်အတွင်းမြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ကာမိုင်း -ဖားကန့်လမ်းမှာ စစ်တပ်နဲ့ ကချင်လါတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်တွေ တပ်ဆိုင်ထားသလို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင်ကာမိုင်း -ဖားကန့်လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ KIAက သတိပေးထားပြီး လက်ရှိစစ်ရေးအခြေအနေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ၂ရက်က စတင်ပြီး စစ်ရေးတင်းမာနေတာကနေ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

လုံးခင်းကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေဟာ ဖားကန့်မြို့ဘက်ကိုပိုတိုးလာပြီးလုံးခင်းနဲ့ ဖားကန့်ကြားမှာရှိတဲ့နမ္မဖြစ်‌ကျေး ရွာက ဘုရားကျောင်းမှာတပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဆိုင်းတောင်အထိတက်လာမယ့်သဘောပဲ။ဆိုင်းတောင်ဆိုတာကKIA၊KPDF ထိန်းချုပ်ထားတဲ့နေရာ။ ရှေ့ဆက်ပြီးတိုက်ပွဲတွေပြင်းထန်ဖို့ပဲရှိတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်‌ဒေသမှာစစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုစစ်တပ်ကပစ်ခတ်နေလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ၆ရက်က လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)အတွင်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သား ၂ဦးဒဏ်ရာရခဲ့ပါတယ်။

မေလ၇ရက်မှာလည်းလုံးခင်းကျေးရွာအုပ်စုအတွင်းမိုင်းပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

မေလ ၈ရက်မှာလုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာထဲကကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုနဲ့လုံးခင်းဂေါက်ကွင်းလမ်း၊ကုဋေလမ်းဆုံအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်ကိုစစ်တပ်စစ်ကြောင်းတွေထပ်မံဝင်ရောက်လာလို့ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကိုပိုပြီးသတိပြုနေထိုင်ကြဖို့ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။