Hi, what are you looking for?
လူထုလူတန်းစားအသီးသီး၏ လူထုလှုပ်ရှားမှုများအား ထုနှင့်ထည်နှင့်(mass movement) အရှိန်မြှင့်တင်ရန် အရေးတကြီး လိုအပ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများအချင်းချင်း ချိတ်ဆက်၍ အများပြည်သူ ဦးဆောင်နိုင်သည့် နိုင်ငံရေးအန်တုလှုပ်ရှားမှုများအား အရှိန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဘုံသဘောထားကြေညာချက်၌ ဖော်ပြသည်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာတွင် ခရီးသွားခွင့်ကဒ်ဖြင့်သွားရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာကြောင်း သတင်းရရှိသည်။ ” ဒီမနက် ရပ်ကွက်ရုံးက အသိပေးလာတယ်။ ခရီးသွားမယ့်သူတွေ ခရီးသွားကဒ်လုပ်ရမယ်တဲ့။ တစ်ကဒ် ၁၅၀၀ တဲ့။ မှတ်ပုံတင်နဲ့မရတော့ဘူးလို့ပြောတယ်”ဟု ဧရာဝတီတိုင်း၊ ဇလွန်မြို့မှ ဒေသခံတစ်ဦးက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)...