Connect with us

Hi, what are you looking for?

သတင်း

စစ်သားသစ် စု​ဆောင်းရမှုနည်းသွားပြီး​နောက် စစ်မှုထမ်းဥပ​ဒေကို ထိ​ရောက်စွာအ​ကောင်အထည်ရန် အာဏာသိမ်း​ခေါင်း​ဆောင်ဖိအား​ပေး

အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ စစ်တပ်က လိုသလို ခိုင်းစေနိုင်ရန် ပြဌာန်းထားသည်ကို​တွေ့ရသည်။

(စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် စစ်သားသစ်အဖြစ် ​ခေါ်ယူစု​ဆောင်းခံရ​သောလူငယ်များနှင့် စစ်​ကောင်စီတပ်မှအရာရှိအချို့ ။ဓါတ်ပုံ- စစ်​ကောင်စီ)
(စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် စစ်သားသစ်အဖြစ် ​ခေါ်ယူစု​ဆောင်းခံရ​သောလူငယ်များနှင့် စစ်​ကောင်စီတပ်မှအရာရှိအချို့ ။ဓါတ်ပုံ- စစ်​ကောင်စီ)
▪︎ပြည်သူ့စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်သွား​သော သင်တန်းဆင်းစစ်သားများ ရခိုင်ပြည်နယ်တိုက်ပွဲသို့​စေလွှတ်ခံရပြီးသေဆုံး၊ဒဏ်ရာရသူများ

ရဲခေါင်/People’s Spring

စစ်​ကောင်စီက စစ်​သားသစ်အဓမ္မစု​ဆောင်း​​နေသည့်ပြည်သူ့စစ်မှုထမ်းဥပဒေကို ထိရောက်စွာအကောင် အထည်ဖော်ရန် အာဏာသိမ်းခေါင်းဆောင်က ညွှန်ကြား​ကြောင်း စစ်​ကောင်စီ ကာကွယ်​ရေးဝန်ကြီးက​ပြောသည်။

အာဏာသိမ်း ခေါင်းဆောင်၏ ညွှန်ကြားချက်ကို ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ စစ်ကောင်စီ၏ ကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ​ပြောကြားခဲ့ခြင်းဖြစ်သည်။

သတ်မှတ်အသက်မပြည့်မီသူနှင့် အသက်ကျော်လွန်သူများ၊ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကြပ်စာရင်းသွင်းခြင်း၊ အစား ထိုးပေးပို့မှုများ၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မသမာမှုများကို ကြပ် မတ်ရမည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ခေါင်းဆောင်က တင်အောင်ဆန်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် သတ်မှတ်လျာထားချက်များအတိုင်း ပြည့်မီရေးအလေးထား ကြိုးပမ်းရန် ၎င်းက သတိပေးသည်။

“ပထမအသုတ် တုန်းက လျာထားချက် ၅,၀၀၀ ပြည့်မီတယ်။နောက်ပိုင်း ဒုတိယအသုတ်နဲ့ တတိယအသုတ်တွေကျတော့ ၄,၀၀၀ နဲ့ ၄,၀၀၀ အောက်ကျသွားတယ်။ နောက်ပြီး သင်တန်းကျောင်းတွေကနေ ထွက်ပြေးတဲ့သူတွေလည်း ရှိခဲ့တယ်။နောက်ပြီး အပတ်စဥ် ၄ က မကြာခင် စတော့မှာ”ဟု တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောကြားသည်။

လူထု​နွေဦး စုံစမ်းရရှိ​သောအချက်အလက်များအရ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း အပတ် စဉ် ၁ ဆင်း တပ်သားသစ်များကို ရှေ့တန်းစစ်မျက်နှာစာသို့ ပို့ ဆောင်နေပြီး မိသားစုဝင်များနှင့်ပါ အဆက် အသွယ်ဖြတ်တောက်ထားသည်။ စစ်မှုထမ်းရန်​ခေါ်​ဆောင်ချိန်တွင် ​ရှေ့တန်းသို့ပို့မည်မဟုတ်ဟု စစ်​ကောင်စီနှင့် စစ်​ကောင်စီဝါဒဖြန့် မီဒီယာများက ဆို​ခဲ့သော်လည်း ရခိုင်ပြည်နယ်တိုက်ပွဲများသို့

အပါတ်စဥ် ၁ သင်တန်းဆင်းများ​စေလွှတ်ခံရပြီး ​သေဆုံးဒဏ်ရာရသူအများအပြားရှိ​ကြောင်း စုံစမ်းသိရသည်။ သံတွဲမြို့တိုက်ပွဲတွင်လည်း အပါတ်စဥ် ၁ သင်တန်းဆင်းစစ်သားများစွာပါဝင်​နေ​ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများမှာ ထွက်ပြေးတိမ်ရှောင်မှုနှင့်အတူ နိုင်ငံစွန့်ခွာသွားသည့် လူငယ်အများအပြားရှိလာပြီး နောက်စစ်ကောင်စီက နိုင်ငံအဝန်း ပေါ်ပေါ်ထင် အဓမ္မ စစ်သားသစ်များစု ဆောင်းနေကြောင်းဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

“အိမ်ကသား ကတော့ ကျွန်မကို ရပ်ကွက်ရုံးမှာ လက် မှတ်ထိုးခိုင်းကတည်းက အသေမခံနိုင်ဘူးဆိုပြီး ထွက် ပြေးသွားတယ်။ရပ်ကွက်ရုံးက ကောင်တွေက အဲဒါကို သိတော့ တစ်လ သုံးသောင်းခွဲပေးဆိုတော့ ပေးနေရတာပေါ့”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးကလည်း ပြော သည်။

စစ်​ကောင်စီက နိုင်ငံတဝန်းတိုက်ပွဲအများစုတွင် စစ်ရှုံးပြီး ​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊လက်နက်ချသူ ၊ အလင်းဝင်သူ များပြီး စစ်သားသစ်စု​ဆောင်းရန် ခက်ခဲ​​နေချိန်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုမထမ်းမ​နေရ ​သော ဥပ‌ဒေကို ပြဌာန်းပြီး အာဏာတည်စေကြောင်း အာဏာသိမ်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။

အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ စစ်တပ်က လိုသလို ခိုင်းစေနိုင်ရန် ပြဌာန်းထားသည်ကို​တွေ့ရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော

သတင်း

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။