Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့တွင် စစ်ကောင်စီတပ်စွဲရာနေရာအား ဗုံးကြဲတိုက်ခိုက်၊ စစ်မှုထမ်းရန်ဖမ်းဆီးထားသော လူငယ်ရှစ်ဦး လွတ်မြောက်

စစ်ကောင်စီတပ်​၏ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူများအား ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၊ရေဦး PDF မှ ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

(ရေဦးမြို့ အထကကျောင်းရှိ စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ရေဦး PDF)
(ရေဦးမြို့ အထကကျောင်းရှိ စစ်အုပ်စုအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ရေဦး PDF)

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်ကောင်စီတပ်စွဲထားသော အထက(၁)ကျောင်းအား ဗုံးကြဲတိုက်ခိုက်ရာ စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသော လူငယ် ရှစ်ဦးထွက်ပြေးလွတ်မြောက်လာကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှူး ကိုသစ်ပင်က ပြောသည်။

စစ်မှုထမ်းရန် လူငယ်များအား အဓမ္မဖမ်းဆီးထားရှိသော ရေဦးမြို့ အထက(၁)ကျောင်းရှိ စစ်ကောင်စီတပ်အား မေလ ၁၄ ရက် နံနက် ၇ နာရီခန့်က ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း၊ရေဦး PDF မှ Fixed-Wing ဒရုန်း နှစ်စီးဖြင့် ဗုံးသီးသီးလုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗုံးသီးများကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများ ဖရိုဖရဲဖြစ်နေချိန် ဖမ်းဆီးခံရသူများအနက် လူငယ်ရှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့လာကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်​၏ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူများအား ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၊ရေဦး PDF မှ ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

မေလ ၉ ရက်နှင့် ၁၀ ရက်ကလည်း အထက(၁) ကျောင်းအတွင်း၌ ဖမ်းဆီးခံထားရသူများအနက် ၁၁ ဦးထွက်ပြေး လွတ်မြောက်လာခဲ့သည်။

အဆိုပါ ကျောင်းဝင်းအတွင်း ဖမ်းဆီးခံထားရသူ ၉၀ကျော်အထိရှိကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ဆိုသည်။

သို့သော် ထွက်ပြေးလာသူများ၏ ပြောစကားအရမူ ၁၃ဦးသာ ကျန်ရှိကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီသည် မတ်လအတွင်းက စစ်မှုထမ်း ပထမအသုတ်အား လူငယ်များအား ဖမ်းဆီးဆင့်ခေါ် စစ်သင်တန်းပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အတွက် ခေါ်ယူနေသည်။

စစ်မှုထမ်းဥပဒေရှောင်ရှားလို၍ လူငယ်အမျိုးသားများမှာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် သူများပြားလာခဲ့ရာ အာဏာသိမ်းစစ်ကောင်စီက မေလ ၁ရက်မှစပြီး အမျိုးသားများ ပြင်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကိုပါ ယာယီရပ်ဆိုင်းထားသည်။

လက်ရှိတွင် ရေဦးမြို့အပြင် စစ်ကိုင်းမြို့နှင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပဲခူးမြို့တို့တွင်လည်း ပြည်သူအများအပြားအား စစ် ကောင်စီတပ်က ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ