Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းရန်လူစုဆောင်းသည့် အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

ရဲဘော်များမှ စစ်ရေးပစ်မှတ်အား ရှင်းလင်းချိန်သည့် နေ့ဘက်ဖြစ်၍ အုပ်ကြီးမျိုးထွန်းနှင့်အတူပါလာသည့် မည်သည့်ပစ္စည်းကိုမှ သိမ်းဆည်းချိန်မရလိုက်ဘဲ ပြန်ဆုတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

(စစ်ကောင်စီခန့်အုပ်ကြီး ခင်မောင်ဝင်းထံမှ သိမ်းဆည်းရရှိသော သေနတ်၊ လက်ပစ်ဗုံးအပါအဝင် ဆက်စပ်ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)
(စစ်ကောင်စီခန့်အုပ်ကြီး ခင်မောင်ဝင်းထံမှ သိမ်းဆည်းရရှိသော သေနတ်၊ လက်ပစ်ဗုံးအပါအဝင် ဆက်စပ်ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် အတင်းအဓမ္မလူသစ်စုစောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်အရေးယူခဲ့ရာ တစ်ဦးသေဆုံးသွား​သည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ် စု၊ အင်ပင်လှအုပ်ချုပ်ရေးမှူး မျိုးထွန်းနှင့် ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ် စု၊ အင်းမကွင်းအုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းဆိုသူတို့ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

သဲကုန်းနယ်၊ အင်ပင်လှအုပ်ချုပ်ရေးမှူး မျိုးထွန်းဆိုသူကို ယနေ့(မေ ၂၃)နံနက် ၆ နာရီခွဲခန့်တွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ(၃) Wisdom (၂)မှရဲဘော်များက ၎င်း၏နေအိမ်အနီး၌ သေနက်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စျေးဝယ်ထွက်လာတာကိုစောင့်ပြီး ပစ်တာ။ တစ်ချက်ထဲ”ဟု တပ်ရင်း ၃၆၀၁မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ရဲဘော်များမှ စစ်ရေးပစ်မှတ်အား ရှင်းလင်းချိန်သည့် နေ့ဘက်ဖြစ်၍ အုပ်ကြီးမျိုးထွန်းနှင့်အတူပါလာသည့် မည်သည့်ပစ္စည်းကိုမှ သိမ်းဆည်းချိန်မရလိုက်ဘဲ ပြန်ဆုတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ မေလ ၂၁ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ အင်းမကွင်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ခင်မောင်ဝင်းသည် ၎င်း၏နေ အိမ်၌ အစည်းအဝေးပြုလုပ်နေစဥ် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက နေအိမ်သို့ ဝင်ရောက်စီးနင်းခဲ့သည်။

စီးနင်းစဥ် အုပ်ကြီး ခင်မောင်ဝင်းမှ သေနတ်နှင့် ပြန်လည်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ အုပ်ကြီးခင်မောင်းမှာ အ ပြင်းအထန်ဒဏ်ရာရသွားပြီး ပျူစောထီးနှစ်ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄မှ ခွဲမှူး ရဲဘော်ဒေဝကပြောသည်။

ထို့အပြင် အုပ်ကြီးခင်မောင်ဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အတူထိုင်နေသည့် ပျူစောထီးနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အုပ်ကြီးအိမ်မှ ခြောက်လုံးပြူးသေနတ်တစ်လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံးတစ် လုံး၊ ဖုန်းနှစ်လုံးအပါအဝင် စာရွက်စာတမ်းနှင့် တံဆိပ်တုံးနှစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“(အုပ်ကြီးအိမ်တွင် စစ်ကောင်စီတပ်များ)ခုထိ လုံခြုံရေး ယူပေးထားတယ်။ ကြို့ပင်ကောက်ဘက်မှာ အဲဒီအုပ်ကြီး(ခင်မောင်ဝင်း)က တော်တော် စစ်သားစုဆောင်းရေးမှာ တော်တော်နံမည်ထွက်တယ်”ဟု ရဲဘော်ဒေဝက ​ပြောသည်။

အထင်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများသည် စစ်ကောင်စီအတွက် လူသစ်စုစောင်းရာတွင် အဓိကပါဝင်ခြင်း၊ စစ်မှုထမ်းဥပဒေကိုအသက်သွင်းကာ ပြည်သူများအား အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ ပစ်ခတ်အရေးယူခြင်းများ လုပ်ဆောင်လျှက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်ပါသော​ရာ ကျန်ရှိနေသောရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းကြရန် သတိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။