Connect with us

Hi, what are you looking for?

သတင်း

ချမ်းမြသာစည်မြို့နယ် အုပ်ကြီးနှင့်အဖွဲ့ စစ်မှုထမ်းရန် အဓိကလူစုဆောင်းပေးနေ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူအများအပြားစုဆောင်းပေး‌နေကြောင်း မြို့ခံများကပြောသည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၀ မတ်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မိထက်၊အင်ကြင်း/People’s Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူအများအပြားစုဆောင်းပေး‌နေကြောင်း မြို့ခံများကပြောသည်။

အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းနှင့် ရာအိမ်မှူးဦးအောင်သူသည် အုပ်ချုပ်ရေးမှူးရုံးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ခေါ်ဆောင်ထားကာ နယ်မြို့များမှ လူငယ်များကို စစ်သားစုဆောင်းပေးနေခြင်းဟု စစ်သားစုဆောင်းခံရသူ၏ ဦးလေးတော်စပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” အဲ့ဒီရုံးက သူတို့အထိုင်ပဲ။ တစ်လတစ်ခါလောက် လူစုပြီး ရှေ့တန်းကို ပို့နေတယ်။ ကျ‌တော့်တူလည်း စစ်တပ်ကခေါ်သွားပြီး အခုအဆက်အသွယ်ပြတ်နေတယ်။ မေးတာလည်း မပြောဘူး။ စစ်တပ်ကိုပဲ လိုက်ခိုင်းနေတယ်။” ဟု ၎င်းက ပြောသည်။

ဦးမြင့်သိန်းနှင့်ဦးအောင်သူသည် နေအိမ်သို့ မပြန်တော့ဘဲ ရုံး၌သာ အမြဲနေသည်ဟု မြို့ခံအချို့က ပြောသည်။

“ကျမတို့ အလုပ်သွားတိုင်း တွေ့နေရတယ်။ လူငယ်တွေ ဘုမသိဘမသိပုံတွေနဲ့ ။ ရုံးထဲမှာပဲ ထားပြီး စစ်တပ်က လာလာခေါ်တယ်။ မတ္တရာတို့ ပုသိမ်ကြီးတို့ကို ပို့နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် မန္တလေးတိုင်းအတွင်း လတ်တလောတိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့သို့ စစ်ကောင်စီက စစ်ကူပို့ရာတွင် အဓိက အသုံးပြုနေသည့်နေရာဟု စုံစမ်းသိရသည်။

အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားအဖွဲ့အချို့က တိုက်ခိုက်မှုမကြာခဏပြုလုပ်ခဲ့သော်လည်း ဦးမြင့်သိန်းနှင့်ဦးအောင်သူသည် ပစ်မှတ်မှ လွတ်မြောက်နေဆဲဟု မြို့ခံအချို့က ပြောသည်။

မန္တလေးမြို့တွင် ပြည်သူများအား အခွင့်ကောင်းယူကာ ငွေညှစ်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များကို အမည်တပ်၍ တိုင်ကြားရန်နှင့် စိစစ်ပြီးအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျား ၁၃ ဖွဲ့က မတ်လအတွင်း သတိပေးခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလွင်သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ဩဂုတ် ၆ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

မန္တလေးမြို့ပေါ်၌ သြဂုတ် ဒုတိယပတ်အတွင်း စစ်မှုထမ်းစာရင်းပါထားသူများများမက စာရင်းမပါသည့် လူငယ်များ၊ နယ်ဝေးမှလာရောက် အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်သားများ၊ ဝန်ထမ်းများကိုပါ စစ်ကောင်စီအုပ်စုက စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook