သတင်း စစ်ကိုင်းတွင် ဈေးဝယ်ပြန်လာသည့် စစ်အုပ်စုတိုက်ခိုက်ရာ နှစ်ဦးဒဏ်ရာရ၊ ဆိုင်ကယ်များထား ထွက်ပြေး စစ်အုပ်စုက လက်နက်ငယ်များဖြင့် ပြန်ပစ်ခဲ့ပြီး ကြွယ်ပုံရွာ အထိုင်ချတပ်စခန်းမှလည်း လက်နက်ကြီး နှစ်ချက်ပစ်ကူခဲ့ကြောင်း သိရသည်။ LuduNwayOoဧပြီ 6, 2023
သတင်း ကနီတွင် ကင်းစောင့်ထွက်လာသည့် စစ်အုပ်စုအားတိုက်ခိုက်ရာ နှစ်ဦးသေ တိုက်ပွဲကြာချိန် ၄၅မိနစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲများဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသည်ဟု ဆိုသည်။ LuduNwayOoမတ် 31, 2023
သတင်း မြင်းခြံခရိုင်တွင် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲနေရာသုံးခုအား ဒရုန်းဖြင့်တိုက်ခိုက် မတ်လ ၂၇ ရက်က မြင်းခြံမြို့နယ်၊ရကိုင်းကျေးရွာနှင့် ဂင့်ဂဲကျေးရွာတို့ရှိ စစ်ကောင်စီတပ်နှင့်ပျူများ တပ်စွဲထားသောနေရာများအား ဒရုန်းဖြင့် M9 ဗုံးသီး လေးလုံးစီချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoမတ် 29, 2023
သတင်း ကနီတွင် စစ်အုပ်စုတပ်စွဲရာ ပျူရွာကို တာဝေးပစ်များဖြင့် ပစ်ခတ်တိုက်ခိုက် မတ်လ ၂၇ ရက် ည ၁၀နာရီခွဲခန့်က ရေလယ်ကျွန်းရွာ(ပျူရွာ)ကို တာဝေးပစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိုင်ချသော နေရာများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း SBTF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoမတ် 29, 2023
သတင်း တာမွေမြို့နယ်တွင် ယာဥ်စစ်ဆေးနေသည့် စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရ ယနေ့(မတ်လ ၂၈ ရက်)နံနက် ၁၀နာရီခွဲခန့်က အရှေ့မြင်းပြိုင်ကွင်းလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သူ နှစ်ဦးရှိကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။ LuduNwayOoမတ် 28, 2023
သတင်း မင်းအောင်လှိုင်က အမြစ်ပြတ်ချေမှုန်းမည်ဟု ပြောဆိုခြင်းမှာ စစ်အုပ်စု၏ ကြောက်စိတ်ကို ဖော်ပြနေခြင်းဖြစ်ဟု ယာယီသမ္မတ ပြော အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရကြောင်း ယာယီသမ္မတက ပြောသည်။ LuduNwayOoမတ် 28, 2023
သတင်း စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန် သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။ LuduNwayOoမတ် 27, 2023
သတင်း မုံရွာ – မန္တလေးလမ်းပိုင်း စစ်ဆေးငွေတောင်းခံနေသော စစ်အုပ်စုအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoမတ် 27, 2023
သတင်း မုံရွာ – မန္တလေးလမ်းပေါ်ရှိ စျေးဆိုင်ခန်းများအား စစ်အုပ်စု မီးရှို့ဖျက်ဆီး ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။ LuduNwayOoမတ် 26, 2023
သတင်း ဘုတလင်နယ်ရှိ သားရိုးကုန်းရွာ စစ်အုပ်စုမီးရှို့၍ ရွာလုံးကျွတ်နီးပါးပြာကျပြီး ဘိုးဘွားခုနစ်ဦး မီးလောင်သေဆုံး ယနေ့ (မတ်လ ၂၅ ရက်) နံနက်ပိုင်းတွင် ဘုတလင်မြို့နယ် သားရိုးကုန်းကျေးရွာမှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာပြီး အင်အား ၈၀ခန့်က ဘုတလင်မြို့အတွင်းဝင်ရောက်ပြီး အင်အား ၅၀ခန့်က ဆုံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သည်။ LuduNwayOoမတ် 25, 2023