Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စစ်အုပ်စုက ခေါ်ထုတ်ရိုက်နှက်လို့သေဆုံး

မနေ့ မေလ ၂၁ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်က အိပ်ဆောင်ဝင်း ၂ မှာရှိတဲ့ ကိုကျော်မျိုးမင်း နဲ့ ကိုသက်မောင်မောင်တို့ကို ထောင်ဝန်ထမ်းတွေက ပထမဆုံး ခေါ်ထုတ်သွားတာပါ။

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စစ်အုပ်စုက ခေါ်ထုတ်ရိုက်နှက်လို့သေဆုံး
မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စစ်အုပ်စုက ခေါ်ထုတ်ရိုက်နှက်လို့သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၇ ဦးကို ခေါ်ထုတ်ကာ မနေ့ ညပိုင်းက စစ်အုပ်စုက ရိုက်နှက်လို့ ၁ဦးသေဆုံးခဲ့ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်အသိပေးပါတယ်။

မနေ့ မေလ ၂၁ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်က အိပ်ဆောင်ဝင်း ၂ မှာရှိတဲ့ ကိုကျော်မျိုးမင်း နဲ့ ကိုသက်မောင်မောင်တို့ကို ထောင်ဝန်ထမ်းတွေက ပထမဆုံး ခေါ်ထုတ်သွားတာပါ။

အဲဒီနောက် ည ၁၀ နာရီ ခွဲမှာ ကိုကျော်မျိုးတင့် ၊ ကိုဇော်ဇော်အောင်တို့ကို ထပ်မံ ခေါ်ထုတ်တယ်လို့သိရပါတယ်။

နာရီဝက်ခန့်အကြာမှာ ည ၁၁ နာရီမှာ ကိုဥက္ကာကို ထပ်ခေါ်သွားခဲ့ပါတယ်။ ဒီနေ့ မနက် ပိုင်းမှာလည်း ကိုကျော်တင့်ဦးနဲ့ ကိုအောင်မျိုးသန့် တို့ပါ ထောင်ဝန်ထမ်းတွေက ခေါ်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ခေါ်ထုတ်ခံရသူ နိုင်ကျဉ်း ၇ ဦးကို ထောင်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေက ရိုက်နှက် စစ်ဆေးလို့ နိုင်ငံရေးအကျဉ်းသား ကိုဥက္ကာ ကျဆုံးသွားရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကဖော်ပြပါတယ်။

ကျဆုံးသွားတဲ့ ကိုဥက္ကာဟာ မုံရွာဒေသခံ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြင်းခြံထောင်ထဲမှာ အိပ်ဆောင်တွေကို တန်းဖွင့်ပေးတာမရှိဘဲ အကျဉ်းသားတွေကို အဆောင်ထဲမှာ သော့ခတ်ပိတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အုတ်ရိုးအတွင်းမှာ တပ်စွဲထားတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ကဝေတဲ့ ထမင်းဟင်းတွေ လက်မခံဘဲ အစာငတ်ခံ ဆန္ဒပြနေတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။