Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စစ်အုပ်စုက ခေါ်ထုတ်ရိုက်နှက်လို့သေဆုံး

မနေ့ မေလ ၂၁ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်က အိပ်ဆောင်ဝင်း ၂ မှာရှိတဲ့ ကိုကျော်မျိုးမင်း နဲ့ ကိုသက်မောင်မောင်တို့ကို ထောင်ဝန်ထမ်းတွေက ပထမဆုံး ခေါ်ထုတ်သွားတာပါ။

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စစ်အုပ်စုက ခေါ်ထုတ်ရိုက်နှက်လို့သေဆုံး
မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စစ်အုပ်စုက ခေါ်ထုတ်ရိုက်နှက်လို့သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၇ ဦးကို ခေါ်ထုတ်ကာ မနေ့ ညပိုင်းက စစ်အုပ်စုက ရိုက်နှက်လို့ ၁ဦးသေဆုံးခဲ့ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်အသိပေးပါတယ်။

မနေ့ မေလ ၂၁ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်က အိပ်ဆောင်ဝင်း ၂ မှာရှိတဲ့ ကိုကျော်မျိုးမင်း နဲ့ ကိုသက်မောင်မောင်တို့ကို ထောင်ဝန်ထမ်းတွေက ပထမဆုံး ခေါ်ထုတ်သွားတာပါ။

အဲဒီနောက် ည ၁၀ နာရီ ခွဲမှာ ကိုကျော်မျိုးတင့် ၊ ကိုဇော်ဇော်အောင်တို့ကို ထပ်မံ ခေါ်ထုတ်တယ်လို့သိရပါတယ်။

နာရီဝက်ခန့်အကြာမှာ ည ၁၁ နာရီမှာ ကိုဥက္ကာကို ထပ်ခေါ်သွားခဲ့ပါတယ်။ ဒီနေ့ မနက် ပိုင်းမှာလည်း ကိုကျော်တင့်ဦးနဲ့ ကိုအောင်မျိုးသန့် တို့ပါ ထောင်ဝန်ထမ်းတွေက ခေါ်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ခေါ်ထုတ်ခံရသူ နိုင်ကျဉ်း ၇ ဦးကို ထောင်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေက ရိုက်နှက် စစ်ဆေးလို့ နိုင်ငံရေးအကျဉ်းသား ကိုဥက္ကာ ကျဆုံးသွားရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကဖော်ပြပါတယ်။

ကျဆုံးသွားတဲ့ ကိုဥက္ကာဟာ မုံရွာဒေသခံ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြင်းခြံထောင်ထဲမှာ အိပ်ဆောင်တွေကို တန်းဖွင့်ပေးတာမရှိဘဲ အကျဉ်းသားတွေကို အဆောင်ထဲမှာ သော့ခတ်ပိတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အုတ်ရိုးအတွင်းမှာ တပ်စွဲထားတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောင်ကဝေတဲ့ ထမင်းဟင်းတွေ လက်မခံဘဲ အစာငတ်ခံ ဆန္ဒပြနေတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။