Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု ထိန်းချုပ်ထားသည့် နိုင်ငံတော်ဘဏ်နှစ်ခုကိုအမေရိကန် ဒဏ်ခတ်ပိတ်ဆို့ခြင်းကို တော်လှန်အင်အားစုများကြိုဆို

အာဏာသိမ်းစစ်အုပ်စုကို အ​မေရိကန် အစိုးရက ၂ နှစ်​ကျော်အတွင်း လူပုဂ္ဂိုလ် ၈၀ ​ကျော်နှင့် အဖွဲ့အစည်း ၃၀ ​ကျော်ကို အ​​ရေးယူဒဏ်ခပ်ပိဆို့ခဲ့ရ ဘဏ်နှစ်ဘဏ်နှင့် စစ်​ကောင်စီကာကွယ်​ရေးဝန်ကြီးဌာနကို ဇွန် ၂၁ ရက်​နေ့စွဲဖြင့် အ​ရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူခြင်းအပေါ် ​ထောက်ခံကြိုဆိုကြောင်း နွေဦးတော်လှန်ရေးအင်းအားစုများက ယနေ့ထုတ်ပြန်လိုက်သည်။

စစ်​ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MCIB)တို့ကို ပိတ်ဆို့အရေးယူလိုက်ခြင်းသည် စစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်းအားစု(GSCB) ၊ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး (GMSR)နှင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(BMC)တို့ကပူးတွဲ​ဖော်ပြထားသည်။

စစ်အုပ်စု ထိန်းချုပ်ထားသည့် နိုင်ငံတော်ဘဏ်နှစ်ခုကိုအမေရိကန် ဒဏ်ခတ်ပိတ်ဆို့ခြင်းကို တော်လှန်အင်အားစုများကြိုဆို
စစ်အုပ်စု ထိန်းချုပ်ထားသည့် နိုင်ငံတော်ဘဏ်နှစ်ခုကိုအမေရိကန် ဒဏ်ခတ်ပိတ်ဆို့ခြင်းကို တော်လှန်အင်အားစုများကြိုဆို

ထိုအပြင်မြန်မာ့မြေပေါ်တွင် ယခုဖြစ်ပွားနေသည့် ဖိနှိပ်အကြမ်းဖက်မှုများကို ရပ်တန့်စေရန်မှာ အကြမ်းဖက်စစ်အုပ်စု၏ သက်ဆိုး ရှည်စေမည့် ငွေကြေးစီးဆင်းမှုများ၊ တရားဝင်မှုပြုရေးများကို ဖြတ်တောက်မှသာလျှင် ရပ်တန့်စေနိုင်မည် ဖြစ်သောကြောင့် အမေရိကန်အစိုးရနည်းတူ အရေးယူခြင်းများကို ဥရောပအဖွဲ့အစည်းများ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများကပါ လုပ်ဆောင်ကြရန်လည်း မိမိတို့ အင်အားစုများမှ ထပ်လောင်းတိုက်တွန်းလိုက်ပါသည်ဟုလည်းတိုက်တွန်းသည်။

“ဒီဘဏ်နှစ်ခု ပိတ်ဆို့အရေးယူခံရတာက စစ်အုပ်စုအတွက်အကြီးအကျယ် ထိုးနှက်ခံရတာလို့ မြင်တယ်။ ကျွန်မတို့လိုချင်တာက ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဝင်ငွေရနေတဲ့ MOGEလို့ လုပ်ငန်းများကို အမေရိကန်အနေနဲ့ ဒဏ်ခတ်အရေးယူစေချင်တာ။”ဟု စစ်ကိုင်းမှ သပိတ်ခေါင်းဆောင်တစ်ဦးကမှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး အချိန်မှ စတင်ပြီး ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်း လုံခြုံရေးများ အဘက်ဘက်မှ ယိုယွင်းပျက်စီးလာသည်ဟု တော်လှန်ရေးအင်အားစုများက​ဖော်ပြသည်။ ထိုခရီးကြမ်းကို ဖြတ်သန်းနေသည့် တော်လှန်ရေးအင်အားစုများနှင့်အတူ ပြည်သူများအနေဖြင့် ယခုပိတ်ဆို့မှုများသည် တော်လှန်ရေးခရီးအတွက် အထောက်အပံ့များဖြစ်၍ ကြံ့ကြံ့ခံ အတူရင်ဆိုင်ကြရန်လည်း တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်အုပ်စုကို အ​မေရိကန် အစိုးရက ၂ နှစ်​ကျော်အတွင်း လူပုဂ္ဂိုလ် ၈၀ ​ကျော်နှင့် အဖွဲ့အစည်း ၃၀ ​ကျော်ကို အ​​ရေးယူဒဏ်ခပ်ပိဆို့ခဲ့ရ ဘဏ်နှစ်ဘဏ်နှင့် စစ်​ကောင်စီကာကွယ်​ရေးဝန်ကြီးဌာနကို ဇွန် ၂၁ ရက်​နေ့စွဲဖြင့် အ​ရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။

အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၄င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့်ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့​ကြောင်း အ​မေရိကန်အစိုးရ နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။