Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့တွင် ပညာရေးမှူးရုံးနှင့် စစ်အုပ်စု လက်ဖက်ရည်ဆိုင်ထိုင်နေချိန် ဗုံးပစ်သွင်း တိုက်ခိုက်

မတ္တရာမြို့နယ်သည် မန္တ​လေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းရာနယ်တစ်ခုဖြစ်ပြီး ကျေးရွာအများအပြားလည်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုခံထားရသည်။

(အသုံးပြုတိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Unicorn)
(အသုံးပြုတိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Unicorn)

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် ပညာရေးမှူးရုံးနှင့် စစ်အုပ်စု လက်ဖက်ရည်ဆိုင်၌ ထိုင်နေချိန်လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၂၉ ရက်)နံနက် ၁၁ နာရီခန့်က မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ လက်ဖက်ရည်ဆိုင်၌ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထိုင်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မြို့နယ်ပညာရေးမှူးရုံးကိုလည်း လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ့်တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“မတ္တရာမြို့ပေါ် ထွေအုပ်ရုံးရှေ့က စစ်အုပ်စုတွေ အမြဲထိုင်နေကျ အဝေရာ လက်ဖက်ရည်ဆိုင်နဲ့ ပညာရေးမှူးရုံးကို လက်ပစ် သံပုရာသီးနဲ့ ထုပြီးတိုက်ခိုက်ခဲ့တာပါ။ လက်ဖက်ရည်ဆိုင်က

တခြားပြည်သူတွေ မထိုင်ရဲတော့ပါဘူး။ အဲ့ကောင်တွေ ထိုင်တာပါ။နှစ်နေရာလုံး ကွဲပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဦးသေဆုံးတယ်လို့ သိရပေမယ့် အတည်မပြုနိုင်ပါဘူး”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် မတ္တရာမြို့ခံတစ်ဦးက”လမ်းတွေပိတ်ပြီး စစ်ဆေးရေး တအားကြပ်တယ်။ တနေကုန်လုံး”ဟု ပြောသည်။

မတ္တရာမြို့နယ်သည် မန္တ​လေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းရာနယ်တစ်ခုဖြစ်ပြီး ကျေးရွာအများအပြားလည်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။