Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် စစ်အုပ်စုအထိုင်စခန်း လေးခုအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (မေလ ၁၀ရက်)နံနက် ၆နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ၊ အမှတ်(၁) ရွှေဘိုခရိုင်ကွပ်ကဲရေး၊ လက်နက်ကြီးအဖွဲ့က လက်နက်ကြီးများဖြင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မုံရွာမှ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ ကူးရန်ပြင်ဆင်နေသော စစ်ကားများအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ရဓာတ်ပုံ-Cj
မုံရွာမှ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ ကူးရန်ပြင်ဆင်နေသော စစ်ကားများအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ရဓာတ်ပုံ-Cj

▪️မုံရွာသို့သွားသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိုင်ချရာ စခန်းလေးခုအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် တပြိုင်နက်တိုက်ခိုက်ခဲ့ရာ အထိအခိုက်များကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၁၀ရက်)နံနက် ၆နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ၊ အမှတ်(၁) ရွှေဘိုခရိုင်ကွပ်ကဲရေး၊ လက်နက်ကြီးအဖွဲ့က လက်နက်ကြီးများဖြင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နေရာများမှာ စစ်တပ်နှင့် ပျူစောထီးအင်အား ၄၀ဦးခန့်ရှိသော အထိုင်ချစခန်းတစ်ခု၊အင်အား ၁၅ဦးခန့် နေရာယူထားသော ရေဦးမြို့ကြာဖူးဝိုင်း၊အင်အာ ခုနစ်ဦးခန့် ရှိသော ရေဦးမြို့ဂါဝီပန်းခြံ၊ အင်အား ၃၀ ခန့်ရှိသော အထိုင်ချစခန်းများအား (၁၀၇) မမ ရှော့တိုက်ဒုံး၊ (၈၁)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က အသိပေးသည်။

တိုက်ခိုက်မှုကြောင့် အရာရှိနှစ်ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့ပြီး ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ထုတာကတော့ ခရိုင်ရုံးကနေ တိုက်ရိုက်လာထုတာပါ။ မြို့အဝင်ဂိတ် သုံးဂိတ်ရယ် တခြားတနေရာမှာတပ်စွဲထားတဲ့ တပ်ရယ်လေးနေရာပါ။ အထိအခိုက်ကတော့ များတယ်။ အရာရှိပါ ပါနိုင်တယ်။ အရာရှိနေတဲ့အဆောင်ကိုပဲ ဦးစားပေးထုခဲ့တာ။”ဟု ရေဦး(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် မေလ ၉ ရက်ကလည်းရေဦးမြို့နယ်ရှိ ဗောဓိအထက်တန်းကျောင်းကို စစ်ကောင်စီတ​ပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးများကျောင်းဆင်းချိန်ဖြစ်၍ လူထိခိုက်မှုမရှိသော်လည်း ကျောင်းဆောင်အချို့ ပျက်စီးခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်ကြောင့် ရေဦးနယ်မှ ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့အပြင် မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ရိက္ခာတင်ယာဥ်တန်းနှင့် ကင်းပုန်းများအား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီးထိမှန်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၁၀ရက်) ညနေ၃နာရီခန့်က စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသည့် လက်နက်နှင့်ရိက္ခာတင် (၁၂)ဘီးယယဉ် ၁၂စီးအား မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် မိုင်းဖြင့်နှစ်ကြိမ်တိုက်ခိုက်ရာ သုံးစီးမြောက်ယာဉ်ထိမှန်ခဲ့ပြီး ယာဉ် မှာဟန်ချက်​ပျက်သွားခဲ့ကြောင်း DKPDF-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ညနေ ၄ နာရီခန့်တွင်လည်း စစ်ကိုင်းမှမုံရွာမြို့ဘက်သို့ထွက်ခွာလာသော စစ်ကား (၁၆)စီးအား ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် သုံးကြိမ်မိုင်းဆွဲကာ တိုက်ခိုက်ရာ ယာဉ်တစ်စီးထိမှန်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးဟု ဆိုသည်။

အဆိုပါ ယာဥ်တန်းများ ဖြတ်သန်းရန်အတွက် စစ်အုပ်စုသည် အင်အားအများပြားဖြင့်၂ရက်တိုင်ကင်းပုန်းများဝပ်နေခဲ့ကြောင်း၊ အဆိုပါ ကင်းပုန်းများသည် ထောင်ထားသည့်မိုင်းကွင်းထဲရောက်ရှိလာ၍ မိုင်းဘီလူးဖြင့်တိုက်ခိုက်ရာ စစ်သား လေးဦး သေဆုံးကြောင်း DKPDF-MMU၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုယာဥ်တန်းသည် မုံရွာမြို့တစ်ဖက်ကမ်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ရောက်ရှိသွားပြီး ကြေးနီများတင်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယင်းစစ်ဆင်ရေးကို (PAFD)တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu(PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံစစ်ရှောင် သုံးဦး သေဆုံးခဲ့ရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများကြောင့် ဒေသခံအမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း Mobye Rescue Team(MRT)က ထုတ်ပြန်သည်။