Hi, what are you looking for?
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ် အင်တိုင်းကုန်းကျေးရွာအနီး ယနေ့နံနက် က KNU တပ်ဖွဲ့ဝင်များကို ခြုံခို တိုက်ခိုက်ရန် ကြိုးစားရာ နှစ်ဖတ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သည်။ ကျောက်စရစ်ကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာတွင် ကျောက်ကြီးမြို့နယ် အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်နှင့် အဖွဲ့သားများက...
ဘုရားသုံးဆူမြို့မှာ အမည်မသိလက်နက်ကိုင်အဖွဲ့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတပ်များ ကြား ဒီနေ့နံနက် (၈)နာရီကျော်ကစပြီး တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ပါတယ်။ ဘုရားသုံးဆူမှာရှိတဲ့ ချက်ပွိုင့်နဲ့ တပ်ကုန်း တို့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်မှုများ မရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောတယ်လို့ KNU ကထုန်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယနေ့မနက်ပိုင်းတွင် မြန်မာ-ထိုင်းနယ်စပ်ရှိ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနောက် စစ်ကောင်စီက မွန်းလွဲပိုင်းတွင် လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။ ” ဒီနေ့ ၁နာရီ ၄၀ကျော်မှာ သံလွင်ကမ်းနားဘေးမှာရှိတဲ့ ဒါးဂွင် နေရာကို သူတို့ ဗုံးတစ်လုံးလာကြဲတာပေါ့။ ထိခိုက်မှု မရှိနိုင်ဘူးထင်တယ် သူတို့...
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မြို့သစ်ရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အကြား ယနေ့တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းဒေသခံ အချို့က ပြောသည်။ မိုးမောက်မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အလော့ဘွမ်တပ်စခန်းကို KIAက မတ်လ ၂၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက အဆိုပါတပ်စခန်းပြန်လည်ရရှိရေးအတွက် ဧပြီ ဒုတိယပတ်မှစ၍ မြေပြင်နှင့် ဝေဟင်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။...
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်ရွာအနီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ အချင်းချင်းမှားယွင်းပစ်ခတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး၊ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံအချို့က ပြောသည်။ ဧပြီ ၂၄ရက်တွင် အလော့ဘွမ်တောင်ခြေဒေသဖြစ်သောမြို့သစ်ရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၊KIA က...