Connect with us

Hi, what are you looking for?

News

မိုး​မောက်တွင် တိုက်ပွဲပြင်းထန်

စစ်​ကောင်စီတပ်ဖွဲ့ဝင်များအကျအဆုံးများ​နေ

ကချင် လွတ်​မြောက်​ရေးတပ်မ​တော်(KIA)နှင့် အာဏာသိမ်းစစ်​ကောင်စီ တို့ကြား ယ​နေ့ည ၉ နာရီ ၁၅ မိနစ်မှစ၍ အ​လော့ဘွမ်​တောင် ​ခြေရှိ မြို့သစ်​ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုများပြား​နေ​ကြောင်း သိ့ရသည်။

KIAတပ်မဟာ ၅၊အမှတ် ၂၅ တပ်ရင်းနှင့် အမှတ် ၃၀ တပ်ရင်းတပ်ဖွဲ့များက မိုးမောက်မြို့နယ်၊မြို့သစ်ကျေးရွာအနီးရှိစစ်​ကောင်စီတပ်များ ထိုးစစ်ဆင်လာ​သော​နေရာသို့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊အာဏာသိမ်းအကြမ်းဖက်အဖွဲ့များမှအကျအဆုံးထိခိုက်မူများပြားသောကြောင့်ပြည်သူလူထုရှိရာ
ကျေးရွာများသို့လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေ​ကြောင်း KIA မှအရာရှိတစ်ဦးက​ပြောသည်။ထိုသို့ရမ်းသမ်းပစ်ခတ်မှု​ကြောင့် မြို့သစ် ၊ ကုန်း​လော်၊ ဆီဟတ် စသည့် ​ကျေးရွာများမှ ဒေသခံ​ပြည်သူများမှာ ပြည်ထွက်​ပြေး တိမ်းရှောင်နေကြကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။