Connect with us

Hi, what are you looking for?

News

မင်းတပ်-CDF နှင့် စစ်​ကောင်စီတိုက်ပွဲဖြစ်ရာ စစ်​ကောင်စီဘက်မှ တပ်ကြပ်အပါအဝင်သုံးဦးထပ်မံ​သေဆုံး

မင်းတပ်- CDF နှင့် စစ်​ကောင်စီတပ်တို့ မင်းတပ်-မတူပီလမ်းမိုင် ၄၀ – ၅၀ ​ကြားတွင် ယမန်​နေ့က တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးသေဆုံးသွားခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်​ရေးသတင်းအဖွဲ့က ယ​နေ့ သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့အနောက်ဘက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်များက ဓာတုလက်နက်များအသုံးပြုသည်ဟု သံသယဖြစ်ဖွယ်ရှိ​ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်​​ရေးအဖွဲ့က ​မေလ ၁၈ရက်တွင်ထုတ်ပြန်ထားသည်။

မေလ ၁၂ ရက်ကလည်း မတူပီမှ ဆင်းလာသော စစ်ကား (၆) စီးသည် လမ်းတွင်အကြိမ်ကြိမ်ဖြတ်တိုက်ခံရပြီး မင်းတပ်မြို့သို့မရောက်နိုင်ဖြစ်ရာ မေလ ၁၅ ရက်တွင် မတူပီ ဗျူဟာမှ စစ်ကူ စစ်ကားနောက်ထပ် (၇) စီး ထပ်မံဆင်းလာသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အနောက်ဘက်တိုက်ပွဲတွင်လည်း စစ်​ကောင်စီတပ်များသည် RPG များ၊ လောင်ချာများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို တောက်လျှောက်သုံးလာခဲ့သည်ဟုဆိုသည်။

မြို့နှင့် ၁၆ မိုင်အကွာတွင် လက်နက်ကြီး ကျည်ကုန်၍ ထပ်ရှေ့မတိုးနိုင်တော့သောကြောင့် မတူပီမှ စစ်ကူတောင်း​ခြင်းဖြစ်မည်ဟု ယူဆရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မေလ၁၇ရက်ကလည်း မိုင် ၃၀ နှင့် ၄၀ ကြားဖြစ်သောတိုက်ပွဲတွင် အသုံးပြုသော လက်နက်ကြီးများသည် ယခင်လက်နက်ကြီးများနှင့် မတူဘဲ CDF-Mindat ရဲဘော်အချို့သည် ဗုံးဆံများမထိ၊ ပြင်ပဒဏ်ရာများမရှိသော်လည်း မူးဝေခြင်း၊ အော့အန်ခြင်း၊ အရုပ်ကြိုးပြတ် အားနည်းခြင်းများဖြစ်၍ တွဲကူထမ်းထုတ်ရသည့် အခြေအနေ များ တွေ့ကြုံရသည်ဟု ထုတ်ပြန်အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။