Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါး-ဖလမ်းကြားတိုက်ပွဲ စစ်​ကောင်စီတပ် ၆ ဦး​သေ၊ ၁၀ ဦး​ကျော်ဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားတွင် ချင်းဒေသကာကွယ်​ရေးအဖွဲ့ -ဟားခါး (CDF-Hakha )နှင့် အကြမ်းဖက် စစ်ကောင်စီ သူပုန်တပ်ဖွဲ့များ ယ​မန်​နေ့ညက ဖြစ်ပွား​သော တိုက်ပွဲတွင် အာဏာသိမ်းစစ်​ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိ​ကြောင်း ချင်းပြည်နယ် ကာကွယ်​ရေးတပ်ဖွဲ့ က
ယ​နေ့ထုတ်ပြန်သည် ။

ထို့အပြင် ယမန်​နေ့ ည​နေ ၅ နာရီခွဲမှ ၈ နာရီကြားအထိ နှစ်နာရီခွဲကြား ဖြစ်ပွား​သောတိုက်ပွဲတွင် စစ်​ကောင်စီတပ်ဘက်မှ အဆမတန် လက်နက်ကြီး (RPG ၊ ၆၀ မမ စသည်)များဖြင့် ပစ်ခေတ်​​သောကြောင့် CDF-Hakha ဘက်မှ သူရဲကောင်းတစ်ယောက် ကျဆုံးခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။