Connect with us

Hi, what are you looking for?

News

CDF-Hakha နှင့် စစ်​ကောင်စီတို့ တိုက်ပွဲဖြစ်၊ စစ်​ကောင်စီဘက်မှ ငါးဦးထပ်မံ​သေဆုံး

ရန်သူတပ် စစ်သူပုန်ဘက်မှ လက်နက်ကြီးများ အသုံးပြုခဲ့သော်လည်း CDF-Hakha ဘက်မှ ထိခိုက်ဒဏ်ရာ မရှိခဲ့​

ချင်းပြည်နယ် ဟားခါးမြို့ ကျောဘုတ် လုံခြုံရေးဂိတ်အနီးတွင် CDF-Hakha နှင့် အကြမ်းဖက် စစ်ကောင်စီ သူပုန်တပ်ဖွဲ့တို့ ယ​နေ့ ညနေပိုင်း ၃နာရီခွဲမှ ည၇နာရီအထိ ပစ်​ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်သူပုန်ဘက်မှ ငါးဦး ပွဲချင်းသေဆုံးခဲ့​ကြောင်း CDF-Hakha က သတင်းထုတ်ပြန် သည်။

ရန်သူတပ် စစ်သူပုန်ဘက်မှ လက်နက်ကြီးများ အသုံးပြုခဲ့သော်လည်း CDF-Hakha ဘက်မှ ထိခိုက်ဒဏ်ရာ မရှိခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ဟားခါး-ဖလမ်းကြားတွင် ချင်းဒေသကာကွယ်​ရေးအဖွဲ့ -ဟားခါး (CDF-Hakha )နှင့် အကြမ်းဖက် စစ်ကောင်စီ သူပုန်တပ်ဖွဲ့များ ယ​မန်​နေ့ညက ဖြစ်ပွား​သော တိုက်ပွဲတွင် အာဏာသိမ်းစစ်​ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိ​ကြောင်း ချင်းပြည်နယ် ကာကွယ်​ရေးတပ်ဖွဲ့ က ယ​နေ့ထုတ်ပြန်ထားသည် ။

ယမန်​နေ့ ည​နေ ၅ နာရီခွဲမှ ၈ နာရီကြားအထိ နှစ်နာရီခွဲကြား ဖြစ်ပွား​သောတိုက်ပွဲတွင် စစ်​ကောင်စီတပ်ဘက်မှ အဆမတန် လက်နက်ကြီး (RPG ၊ ၆၀ မမ စသည်)များဖြင့် ပစ်ခေတ်​​သောကြောင့် CDF-Hakha ဘက်မှ သူရဲကောင်းတစ်ယောက် ကျဆုံးခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။