Connect with us

Hi, what are you looking for?

LuduNwayOo

News

CDF-Hakha နှင့် စစ်​ကောင်စီတို့ တိုက်ပွဲဖြစ်၊ စစ်​ကောင်စီဘက်မှ ငါးဦးထပ်မံ​သေဆုံး

ရန်သူတပ် စစ်သူပုန်ဘက်မှ လက်နက်ကြီးများ အသုံးပြုခဲ့သော်လည်း CDF-Hakha ဘက်မှ ထိခိုက်ဒဏ်ရာ မရှိခဲ့​

ချင်းပြည်နယ် ဟားခါးမြို့ ကျောဘုတ် လုံခြုံရေးဂိတ်အနီးတွင် CDF-Hakha နှင့် အကြမ်းဖက် စစ်ကောင်စီ သူပုန်တပ်ဖွဲ့တို့ ယ​နေ့ ညနေပိုင်း ၃နာရီခွဲမှ ည၇နာရီအထိ ပစ်​ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်သူပုန်ဘက်မှ ငါးဦး ပွဲချင်းသေဆုံးခဲ့​ကြောင်း CDF-Hakha က သတင်းထုတ်ပြန် သည်။

ရန်သူတပ် စစ်သူပုန်ဘက်မှ လက်နက်ကြီးများ အသုံးပြုခဲ့သော်လည်း CDF-Hakha ဘက်မှ ထိခိုက်ဒဏ်ရာ မရှိခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ဟားခါး-ဖလမ်းကြားတွင် ချင်းဒေသကာကွယ်​ရေးအဖွဲ့ -ဟားခါး (CDF-Hakha )နှင့် အကြမ်းဖက် စစ်ကောင်စီ သူပုန်တပ်ဖွဲ့များ ယ​မန်​နေ့ညက ဖြစ်ပွား​သော တိုက်ပွဲတွင် အာဏာသိမ်းစစ်​ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိ​ကြောင်း ချင်းပြည်နယ် ကာကွယ်​ရေးတပ်ဖွဲ့ က ယ​နေ့ထုတ်ပြန်ထားသည် ။

ယမန်​နေ့ ည​နေ ၅ နာရီခွဲမှ ၈ နာရီကြားအထိ နှစ်နာရီခွဲကြား ဖြစ်ပွား​သောတိုက်ပွဲတွင် စစ်​ကောင်စီတပ်ဘက်မှ အဆမတန် လက်နက်ကြီး (RPG ၊ ၆၀ မမ စသည်)များဖြင့် ပစ်ခေတ်​​သောကြောင့် CDF-Hakha ဘက်မှ သူရဲကောင်းတစ်ယောက် ကျဆုံးခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။