Connect with us

Hi, what are you looking for?

News

မင်းတပ်တိုက်ပွဲတွင် စစ်​ကောင်စီက ဓါတုလက်နက်များ အသုံးပြုလာ​ကြောင်း သံသယရှိ​ဟု ထုတ်ပြန်

မင်းတပ်မြို့အနောက်ဘက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်များက ဓာတုလက်နက်များအသုံးပြုသည်ဟု သံသယဖြစ်ဖွယ်ရှိ​ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်​​ရေးအဖွဲ့က ယ​နေ့ထုတ်ပြန်သည်။

လက်ရှိတွင် မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲများမရှိတော့သော်လည်း မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု ထုတ်ပြန်သည်။

မေလ ၁၂ ရက်တွင် မတူပီမှ ဆင်းလာသော စစ်ကား (၆) စီးသည် လမ်းတွင်အကြိမ်ကြိမ်ဖြတ်တိုက်ခံရပြီး မင်းတပ်မြို့သို့မရောက်နိုင်ဖြစ်ရာ မေလ ၁၅ ရက်တွင် မတူပီ ဗျူဟာမှ စစ်ကူ စစ်ကားနောက်ထပ် (၇) စီး ထပ်မံဆင်းလာသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အနောက်ဘက်တိုက်ပွဲတွင်လည်း စစ်​ကောင်စီတပ်များသည် RPG များ၊ လောင်ချာများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို တောက်လျှောက်သုံးလာခဲ့သည်ဟုဆိုသည်။

မြို့နှင့် ၁၆ မိုင်အကွာတွင် လက်နက်ကြီး ကျည်ကုန်၍ ထပ်ရှေ့မတိုးနိုင်တော့သောကြောင့် မတူပီမှ စစ်ကူတောင်း​ခြင်းဖြစ်မည်ဟု ယူဆရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မေလ၁၇ရက်တွင် မိုင် ၃၀ နှင့် ၄၀ ကြားဖြစ်သောတိုက်ပွဲတွင် အသုံးပြုသော လက်နက်ကြီးများသည် ယခင်လက်နက်ကြီးများနှင့် မတူဘဲ CDF-Mindat ရဲဘော်အချို့သည် ဗုံးဆံများမထိ၊ ပြင်ပဒဏ်ရာများမရှိသော်လည်း မူးဝေခြင်း၊ အော့အန်ခြင်း၊ အရုပ်ကြိုးပြတ် အားနည်းခြင်းများဖြစ်၍ တွဲကူထမ်းထုတ်ရသည့် အခြေအနေ များ တွေ့ကြုံရသည်ဟု ထုတ်ပြန်အသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။