Connect with us

Hi, what are you looking for?

News

ဖာပွန်ဘက်မှာ တိုက်ပွဲ​​တွေနေ့တိုင်းဖြစ်​​နေ

စစ်​ကောင်စီတပ်​တွေ အကျဆုံးများ

ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကေအန်ယူတို့ကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖာပွန်မြို့နယ် လဂွန်းပျိုကျေးရွာဘက်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာကားတန်းကို ကေအန်ယူတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ နယ်မြေခံကေအန်ယူအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် ဖာပွန်- ကတိုင်တိလမ်း ခွေးသေကျေးရွာမှာလည်း ကရင်နယ်ခြားစောင့်တပ်ရဲ့ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်လို့ နယ်ခြားစောင့်တပ်ဘက် တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးသွားခဲ့ပါသေးတယ်။

ဖာပွန် ကတိုင်တိ ကမမောင်းလမ်းမတစ်လျှောက်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ညပိုင်းမှာလည်း ဖာပွန်မြို့ပေါ်က ဝေဠုဝန်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

သတင်း

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဒီနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။