Connect with us

Hi, what are you looking for?

News

ဖာပွန်ဘက်မှာ တိုက်ပွဲ​​တွေနေ့တိုင်းဖြစ်​​နေ

စစ်​ကောင်စီတပ်​တွေ အကျဆုံးများ

ဖာပွန်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကေအန်ယူတို့ကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖာပွန်မြို့နယ် လဂွန်းပျိုကျေးရွာဘက်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာကားတန်းကို ကေအန်ယူတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ နယ်မြေခံကေအန်ယူအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် ဖာပွန်- ကတိုင်တိလမ်း ခွေးသေကျေးရွာမှာလည်း ကရင်နယ်ခြားစောင့်တပ်ရဲ့ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်လို့ နယ်ခြားစောင့်တပ်ဘက် တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးသွားခဲ့ပါသေးတယ်။

ဖာပွန် ကတိုင်တိ ကမမောင်းလမ်းမတစ်လျှောက်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ညပိုင်းမှာလည်း ဖာပွန်မြို့ပေါ်က ဝေဠုဝန်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။