မေလ ၁၈ ရက်ညက ဆိုင်ကယ်စီလူတစ်စုက စစ်ကောင်စီခန့်ရွာသူကြီးအိမ် လာ၍ ဓါးနှင့်ထိုးခဲ့ခြင်းဖြစ်ပြီး ၊ဒဏ်ရာအပြင်းအထန်ရသဖြင့် မိတ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်ကုသနေကာ မေ၁၉ ရက်တွငွသေဆုံးသွားကြောင်ဒေသခံအချို့ကပြောသည်။
ဖြစ်စဥ်မှာ မေ ၁၄ ရက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒလန် က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွာသို့ ခေါ်ဆောင်လာပြီး တက်ကြွသောလူငယ်အချို့ကို ဖမ်းဆီးရန်ပြသခဲ့သည်။ စစ်ကောင်စီဖမ်းဆီးလိုသောလူငယ်များမှာတိမ်းရှောင်သွား၍ မဖမ်းမိသော်လည်း ရွာအတွင်းသေနတ်ပစ်ဖောက်ပြီးခြိမ်းခြောက်ခဲ့သည် ။ ထိုနောက် မေ ၁၈ ရက်ညအရောက်တွင် အမည်မသိ့လူတစ်စုက ဒလန်အိမွသို့ဆိုင်ကယ်စီးလာပြီး ဓါးဖြင့်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီ၏ ဒလန် ဓါးထိုးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား၅ စီးဖြင့်ရောက်လာပြီးသေနတ်ပစ်ဖောက်ကာ ပစ္စည်းများလုယက်ပြီးသောင်းကျန်းနေကြောင်းဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်များကိုမွှေနှောက်ရှာကာ တန်ဖိုးရှိပစ္စည်းအကုန်ယူနေကြောင်း သေနတ်ဖြင့်ပစ်ခတ်နေ၍ ဒေသခံများလည်း ရွာမှတိမ်းရှောင်နေကြောင်း သိ့ရသည်။ မီးဖိုချောင်မှ ဆီပင်မချန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မ လုယက်ယူဆောင်သွားကြောင်းလည်း ဒေသခံအချို့ကပြောသည်။