Connect with us

Hi, what are you looking for?

News

အင်ထရာနက် ကွန်ရက် အဆင့်ကို ပီပီပြင်ပြင် လျှော့ချဖို့ မြန်မာစစ်တပ် စီစဉ်နေတယ်လို့ဆို

အာဏာသိမ်း မြန်မာ စစ်တပ်ဟာ ပြည်တွင်း အင်တာနက် အသုံးပြုမှုကို အင်ထရာနက် အဆင့် ကန့်သတ် လျှော့ချဖို့ လက်တွေ့ကျကျ လုပ်ဆောင်နေနိုင်ကြောင်း နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ် အာဏာသိမ်းမှု ဖြစ်စဉ်အပြီး အွန်လိုင်းပေါ်မှာ စစ်တပ်ကို ဆန့်ကျင်တဲ့ အတိုက်အခံပြု လှုပ်ရှားမှုတွေ အားကောင်းနေဆဲ ဖြစ်တာကြောင့် အင်ထရာနက်အဆင့် လျှော့ချပြီး ကန့်သတ်ဖို့ ပြင်ဆင်လာတာ ဖြစ်နိုင်ကြောင်း ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက် International Crisis Group (ICG)က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ အခြေအနေ အရလည်း အာဏာသိမ်း မြန်မာစစ်တပ်ဟာ ပြည်တွင်း မိုဘိုင်းကွန်ရက်တွေကို Whitelistနဲ့ ကန့်သတ် သုံးစွဲစေတာမျိုးတွေ လုပ်ဆောင်လာပါတယ်။ ICGရဲ့ ထုတ်ပြန်ချက် မတိုင်ခင်မှာ Golbal Network Initiative အပါအဝင် အင်တာနက်နဲ့ တယ်လီကွန် အဖွဲ့အစည်းတွေ၊ လူမှု အဖွဲ့အစည်းတွေ စုစုပေါင်း ၆၀ ကျော် စုပေါင်းပြီး မြန်မာနိုင်ငံမှာ Whitelistနဲ့ အင်တာနက် ကန့်သတ် သုံးစွဲစေတာကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အွန်လိုင်းပေါ်က ဝါဒဖြန့်မှု တိုက်ပွဲမှာ အကြီးအကျယ် ရုန်းကန်နေရတဲ့နောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ သတင်းဖြန့်ဝေမှုတွေကို ပိတ်ဆို့ဖို့ ပိုမို စိုင်းပြင်း ကြိုးစားလာနေတယ်လို့ ICGက မှတ်ချက် ပေးခဲ့ပါတယ်။

အာဏာသိမ်း မြန်မာ စစ်တပ်ဟာ တရုတ်လိုမျိုး အင်တာနက် သုံးစွဲမှုကို ဗဟိုချုပ်ကိုင် စနစ်နဲ့ ထိန်းချုပ်လိုပေမယ့် နည်းပညာပိုင်း ကန့်သတ်ချက်တွေ ကြီးကြီးမားမား ကြုံနေရဆဲလို့ လေ့လာသူတွေက ပြောပါတယ်။ ဒါကြောင့် တရုတ်ရဲ့ Great Firewallလို စနစ်မျိုး ဖြစ်မလာနိုင်ဘဲ Whitelistနဲ့ အင်တာနက် ကန့်သတ် ဖြတ်တောက်တာမျိုး လုပ်ဆောင်လာတာပါ။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားတာ သုံးလခွဲလောက် ကြာမြင့်လာပြီဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ ဘက်ပေါင်းစုံ ဆုတ်ယုတ် ယိုယွင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီရေး ဆန္ဒပြ တောင်းဆိုသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူပေါင်း ၈၀၀ လောက် အသက်ဆုံးရှုံးခဲ့သလို လူပေါင်း ၄၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။