မေလ၁၈ရက် ညနေ ၄နာရီမှ၅နာရီ ကြားတွင်
ဟားခါး-ထန်တလန်လမ်းမပေါ်ရှိ လုံခြုံရေးဂိတ် (ဟားခါးတက္ကသိုလ်အနီး) ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်များ အနည်းဆုံး နှစ်ဦးဒဏ်ရာရရှိကြောင်း၊ ဟားခါးသာရ် ၆ လမ်းစုံ ပစ်ခတ်မှုတွင် စစ်ကောင်စီမှ လေးဦးသေဆုံးပြီး အနည်းဆုံး ကိုးဦးဒဏ်ရာရရှိကြောင်း၊ ဟားခါး-ဂန်ဂေါ့လမ်း ပစ်ခတ်တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အနည်းဆုံး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
မေလ၁၉ရက်ကလည်း စစ်ကောင်စီတပ်မှ အင်အား ၇၀ ခန့်သည် ဟားခါး-မတူပီလမ်းမအကြား နယ်မြေရှင်းလင်းရေးလုပ်စဥ် CDF ကချောင်းမြောင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး အနည်းဆုံး ငါးဦးဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီတပ်က CDF-Hakha၏ ဆိုင်ကယ်အစီး ၃၀ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း CDF_Hakha က သတင်းထုတ်ပြန်ထားသည်။
