Connect with us

Hi, what are you looking for?

News

ဟားခါး-CDF နှင့်စစ်​ကောင်စီတပ်တို့ နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်​ကောင်စီဘက်မှ ခုနစ်ဦး​သေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့တွင် CDF_Hakha နှင့် စစ်ကောင်စီတပ်တို့ ​မေလ၁၈ရက်နှင့်၁၉ရက်တို့နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦး ဒဏ်ရာရရှိ​ခဲ့ကြောင်း CDF_Hakha က သတင်းထုတ်ပြန်သည်။

မေလ၁၈ရက် ညနေ ၄နာရီမှ၅နာရီ ကြားတွင်
ဟားခါး-ထန်တလန်လမ်းမပေါ်ရှိ လုံခြုံရေးဂိတ် (ဟားခါးတက္ကသိုလ်အနီး) ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်များ အနည်းဆုံး နှစ်ဦးဒဏ်ရာရရှိ​ကြောင်း၊ ဟားခါးသာရ် ၆ လမ်းစုံ ပစ်ခတ်မှုတွင် စစ်ကောင်စီမှ ​လေးဦးသေဆုံးပြီး အနည်းဆုံး ကိုးဦးဒဏ်ရာရရှိ​ကြောင်း၊ ဟားခါး-ဂန်ဂေါ့လမ်း ပစ်ခတ်တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အနည်းဆုံး သုံးဦး ဒဏ်ရာရရှိ​ခဲ့ကြောင်း ထုတ်ပြန်သည်။ 

မေလ၁၉ရက်ကလည်း စစ်ကောင်စီတပ်မှ အင်အား ၇၀ ခန့်သည် ဟားခါး-မတူပီလမ်းမအကြား နယ်မြေရှင်းလင်းရေးလုပ်စဥ် CDF ကချောင်းမြောင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး အနည်းဆုံး ငါးဦးဒဏ်ရာရရှိ​ကြောင်း၊ စစ်ကောင်စီတပ်က CDF-Hakha၏ ဆိုင်ကယ်အစီး ၃၀ကျော် မီးရှို့ဖျက်ဆီးခဲ့​ကြောင်း ထုတ်ပြန်ထားသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကလေးမြို့မှ စစ်အင်အားများ ဖြည့်တင်းနေသည့်အတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်​ကြောင်း CDF_Hakha က သတင်းထုတ်ပြန်ထားသည်။ 

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။