Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင်ကုန်စုံဆိုင်အားဓါးပြတိုက်​သူများကို ပြည်သူများဝိုင်းဖမ်းဟုဆို

လုယက်သူ ၅ဦးလုံး မုံရွာမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများဖြစ်သည်။

(ဓါးပြတိုက်သူများကို ဖမ်းဆီးထားစဥ်။ ။ဓါတ်ပုံ-CJ)
(ဓါးပြတိုက်သူများကို ဖမ်းဆီးထားစဥ်။ ။ဓါတ်ပုံ-CJ)

ဓါးပြတိုက်သူများထံမှ ​ရွှေနှင့်​ငွေ ၂၅ သိန်းပြန်သိမ်းမိသည်ဟု​ဒေသတွင်းသတင်းဌာန​ဖော်ပြ​သော်လည်းစစ်​ကောင်စီရဲက ဓါးသုံး​ချောင်းနှင့်​ငွေ ကိုး​သောင်းသိမ်းမိဟုဝါဒဖြန့်ချီ

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင်ကုန်စုံဆိုင်အတွင်းဝင်ရောက်ဓါးပြတိုက်လုယက်သည့် လူငယ်တစ်စုအားပြည်သူများက ပူးပေါင်းဖမ်းဆီးခဲ့ကြောင်းဒေသခံများက ပြောသည်။

ယနေ့ (ဇွန်လ ၁၀ ရက်နေ့) နံနက် ၁၀ နာရီခွဲခန့်က မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊အတ်တောလမ်းနေဦးကျော်ပိုင်ဆိုင်သည့် ဦးကြီးကုန်စုံဆိုင်အတွင်းလူငယ်(၅)ဦးကဝင်ရောက်ပြီး အိမ်ရှိလူများအား ဓားဖြင့်ထောက်ကာ ငွေအချို့အားယူဆောင်သွား၍ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

လုယက်သူ ၅ဦးလုံး မုံရွာမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများဖြစ်သည်။

၎င်းတို့ထံမှရွှေ နှင့်ငွေ ၂၅သိန်းပြန်လည်သိမ်းမိသည်ဟု ဒေသတွင်းအခြေစိုက်သတင်းဌာနတစ်ခုကရေးသားခဲ့သည်။ သို့သော် ၎င်းတို့အား ​စစ်​ကောငွစီရဲစခန်းအပ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ဝါဒဖြန့်ထုတ်ပြန်ရာတွင်မူ ၎င်းတို့ထံမှဓားမြှောင်(၃)ချောင်းနှင့် ငွေကျပ်ကိုးသောင်းသာသိမ်းဆည်းရမိကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့တွင် အကြမ်းဖက်စစ်တပ်၏ မတရားအနိုင်ကျင့်မှုများအပြင်ခိုးဆိုးလုနှိုက်များပါသောင်းကျန်းနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။