Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် အာဏာသိမ်း​ခေါင်း​ဆောင်ရောက်နေချိန်ရွှေဆိုင် ဓါးပြတိုက်ခံရ

ယမတ်နေ့ (မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းက မုံရွာ မြို့လယ်၊ လမ်းမကြီးဘေး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သူအချို့က ပြောသည်။

(ဓါးပြတိုက်ခံရသည့် ပေါ်ဦးရွှေဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဓါးပြတိုက်ခံရသည့် ပေါ်ဦးရွှေဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှ်ုင်ရောက်ရှိနေ၍ လုံခြုံရေးတင်းကြပ်နေချိန် မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထည်များနှင့် ကျပ်သိန်းထောင်ချီပါသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမတ်နေ့ (မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းက မုံရွာ မြို့လယ်၊ လမ်းမကြီးဘေး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သူအချို့က ပြောသည်။

“ မိန်းမတွေလည်းပါတယ်ပြောတယ်။ ငါးယောက် လောက်လာပြီး ဓါးပြတိုက်သွားတာလို့ကြားတယ်။” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

တံခါးစောင့် ရွှေဆိုင်အလုပ်သမားတစ်ဦးကိုလည်း ဓားပြအဖွဲ့၏ ပစ်ခတ်မှုခံခဲ့ရပြီး ဆေးကုသမှုခံနေရကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ၁၁ ရက်ကလည်း မုံရွာမြို့ပေါ်ရှိ သိန်းတစ်ရာရွှေဆိုင်ဓါးပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း သုံးသောင်းကျော်တန်ဖိုးရှိ ရွှေထည်များဆုံးရှုံးခဲ့သည်။ သိန်းတစ်ရာ​ရွှေဆိုင်သည် စစ်ကောင်စီတပ်ကင်းချထား​သော​နေရာနှင့် စစ်​ကောင်စီ ယာဥ်ထိန်းရဲတို့အနီး တွင်ရှိပြီး ဓါးပြတိုက်ခံရခြင်းဖြစ်သည်။

မုံရွာမြို့တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေမဲ့လုပ်ရပ်များပိုမိုများပြားလာကာ ယမန်နှစ်၂၀၂၂ အတွင်း ရွှေဆိုင်၊ ကုန်စုံဆိုင်နှင့် နေအိမ်များအပါအဝင် ဓါးပြမှုပေါင်း ၁၂ ခုထက်မနည်းဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။

ဓါးပြတိုက်မှူများတွင် မုံရွာ၌ စစ်ကောင်စီတပ်ကလုံခြုံ​ရေးမြှင့်ထားချိန် ၊စစ်သားနှင့်ပျူရှိ​နေ​သော​နေရာ အနီးတစ်ဝိုက်တွင် ပိုဖြစ်ပွား​လေ့ရှိသဖြင့် ကျူးလွန်သူများမှာ စစ်သား၊ပျူနှင့်၎င်းဆက်နွှယ်သူများဖြစ်​ကြောင်း​ဒေသခံအချို့က​ သုံးသပ် သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။

Facebook