Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်ရှိမိုဘိုင်းဖုန်းဆိုင်လက်ပစ်ဗုံးပစ်၍ဓါးပြတိုက်တိုက်ခံရ

လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)
(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ မိုဘိုင်းဖုန်းဆိုင် လက်ပစ်ဗုံးပစ်၍ ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) ညနေ ၄ နာရီခွဲခန့်က မုံရွာမြို့၊ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်ရှိ mobile 1 ဖုန်းဆိုင်အား အမျိုးသားနှစ်ဦး လက်ပစ်ဗုံး ၂ လုံး ကိုင်ဆောင်၍ ရောက်ရှိလာပြီးဆိုင်ဝန်ထမ်းများအားအော်ဟစ်ဆဲဆိုခြိမ်းခြောက်ခဲ့သည်။

ထိုအမျိုးသားနှစ်ဦးသည် ဆိုင်ကောင်တာရှိ ဖုန်း ၁၅ လုံးနှင့် ဖုန်းရောင်းရငွေကျပ် ၅ သိန်းခန့်အားယူဆောင်ခဲ့ပြီးနောက် ဆိုင်အတွင်းရှိ ဖုန်းပြုပြင်ရေးService ခန်းအတွင်းသို့ လက်ပစ်ဗုံး ၁ လုံးပစ်ထည့်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ထို​နောက် ဖုန်းဆိုင်နောက်ကျောရှိလူနေအိမ်လမ်းကြားမှတဆင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)
(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)

၎င်းတို့ထွက်ပြေးသွားသော လမ်းကြားအတွင်း လုံခြုံရေးများက စစ်ဆေးခဲ့ရာ ယူဆောင်သွားသည့် ဖုန်း ၁၅ လုံးနှင့် ငွေ ၅ သိန်းကျပ်တို့ထည့်ထားသည့် အိတ်အမဲအားပြန်လည် တွေ့ရှိခဲ့ ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင်ဖုန်းဆိုင်အနီး လမ်းကြားတွင် လက်နက်ဖြင့်အသင့်စောင့်နေသူနှစ်ဦးက ဓားမြတိုက်သူကို ကားဖြင့်ခေါ်ဆောင်ထွက်ပြေးသွားကြောင်း မျက်မြင်များ၏ ပြောကြားချက်ကို ချင်းတွင်းပို့စ်က ဖော်ပြသည်။

“အဲဒီကိစ္စဇစ်မြစ်လိုက်နေတုန်းပဲ။”ဟု မုံရွာအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

မုံရွာမြို့ပေါ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကပင် ရွှေဆိုင်များအပါအဝင် ကုန်စုံဆိုင်များ၊ လူနေအိမ်များ ဓားပြတိုက်ခံရမှုများမကြာခဏဖြစ်ပွား​နေသည်။စစ်​ကောင်စီတပ်စွဲရာ​နေရာအနီးတစ်ဝိုက်တွင် ဓါးပြတိုက်မှုများပိုမိုဖြစ်ပွားပြီး ၊ကျူးလွန်သူများတွင် ပျူ​စောထီးများလည်းပါဝင်​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။