Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့ပေါ်ရှိမိုဘိုင်းဖုန်းဆိုင်လက်ပစ်ဗုံးပစ်၍ဓါးပြတိုက်တိုက်ခံရ

လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)
(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ မိုဘိုင်းဖုန်းဆိုင် လက်ပစ်ဗုံးပစ်၍ ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) ညနေ ၄ နာရီခွဲခန့်က မုံရွာမြို့၊ ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်ရှိ mobile 1 ဖုန်းဆိုင်အား အမျိုးသားနှစ်ဦး လက်ပစ်ဗုံး ၂ လုံး ကိုင်ဆောင်၍ ရောက်ရှိလာပြီးဆိုင်ဝန်ထမ်းများအားအော်ဟစ်ဆဲဆိုခြိမ်းခြောက်ခဲ့သည်။

ထိုအမျိုးသားနှစ်ဦးသည် ဆိုင်ကောင်တာရှိ ဖုန်း ၁၅ လုံးနှင့် ဖုန်းရောင်းရငွေကျပ် ၅ သိန်းခန့်အားယူဆောင်ခဲ့ပြီးနောက် ဆိုင်အတွင်းရှိ ဖုန်းပြုပြင်ရေးService ခန်းအတွင်းသို့ လက်ပစ်ဗုံး ၁ လုံးပစ်ထည့်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ထို​နောက် ဖုန်းဆိုင်နောက်ကျောရှိလူနေအိမ်လမ်းကြားမှတဆင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)
(ဓားပြတိုက်ခံရသော ဖုန်းဆိုင်နှင့် ထိခိုက်သွားသောဝန်ထမ်းများ။ ဓါတ်ပုံ-CJ)

၎င်းတို့ထွက်ပြေးသွားသော လမ်းကြားအတွင်း လုံခြုံရေးများက စစ်ဆေးခဲ့ရာ ယူဆောင်သွားသည့် ဖုန်း ၁၅ လုံးနှင့် ငွေ ၅ သိန်းကျပ်တို့ထည့်ထားသည့် အိတ်အမဲအားပြန်လည် တွေ့ရှိခဲ့ ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင်ဖုန်းဆိုင်အနီး လမ်းကြားတွင် လက်နက်ဖြင့်အသင့်စောင့်နေသူနှစ်ဦးက ဓားမြတိုက်သူကို ကားဖြင့်ခေါ်ဆောင်ထွက်ပြေးသွားကြောင်း မျက်မြင်များ၏ ပြောကြားချက်ကို ချင်းတွင်းပို့စ်က ဖော်ပြသည်။

“အဲဒီကိစ္စဇစ်မြစ်လိုက်နေတုန်းပဲ။”ဟု မုံရွာအခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

မုံရွာမြို့ပေါ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကပင် ရွှေဆိုင်များအပါအဝင် ကုန်စုံဆိုင်များ၊ လူနေအိမ်များ ဓားပြတိုက်ခံရမှုများမကြာခဏဖြစ်ပွား​နေသည်။စစ်​ကောင်စီတပ်စွဲရာ​နေရာအနီးတစ်ဝိုက်တွင် ဓါးပြတိုက်မှုများပိုမိုဖြစ်ပွားပြီး ၊ကျူးလွန်သူများတွင် ပျူ​စောထီးများလည်းပါဝင်​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

Depeyin Local Mobile Team အဖွဲ့သည် ဒီပဲယင်းနှင့် ဘုတလင်နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ၅ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း အဖွဲ့ဝင်ရဲဘော်များက ပြောသည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။