Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့လယ် စစ်​တပ်တပ်စွဲရာ​နေရာအနီးရှိရွှေဆိုင်တစ်ဆိုင်ဓါးပြတိုက်ခံရ ရွှေဆယ်ပိဿာကျော်ပါသွား

မုံရွာမြို့တွင် စစ်တပ်အာဏသိမ်းပြီးနောက် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း မုံရွာမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင် ဝင်စီးခံရပြီးနောက် ဆိုင်ကယ်များစွာ သိမ်းယူသွားခဲ့ဖူးသည်။

(ဓားပြတိုက်ခံရသည့် သိန်းတရာရွှေဆိုင်။ ယခင်ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-CJ)
(ဓားပြတိုက်ခံရသည့် သိန်းတရာရွှေဆိုင်။ ယခင်ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်၊ စစ်ကောင်စီတပ်စွဲရာ​နေရာအနီးရှိ ရွှေဆိုင်တစ်ဆိုင် ယနေ့နံနက်ပိုင်းက ဓါးပြတိုက်ခံရပြီး ရွှေဆယ်ပိဿာကျော် ပါသွားကြောင်း မုံရွာဒေသခံများက ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့ နံနက် ၁၁နာရီ ၂၀မိနစ်ဝန်းကျင်က မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်မီးပွိုင့်အနီးရှိ သိန်းတရာရွှေဆိုင်အား လူငါးဦးက ရောက်ရှိလာကာ သေနတ်ပြပြီး ရွှေများသိမ်းယူသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

” လူ ၅ဦးက အိမ်စီးကားနဲ့ ရောက်လာပြီး ပထမတယောက်က ရွှေဝယ်ချင်လို့ ဆိုပြီး ဆိုင်ထဲကို ဝင်လာတယ်။ ကျန်လေးယောက်က နောက်ကနေ သေနတ်ပြပြီး အနုကြမ်းစီးတာ။ အဲဒီကားက အထက(၁)ကျောင်းဘက် မောင်းသွားပြီး ပုံစံတူကားတစ်စီးမှာ အသင့်စောင့်ပြီး မောင်းသွားတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓါးပြတိုက်ခံရသည့် ရွှေဆိုင်နေရာသည် မုံရွာမြို့လယ်တွင် တည်ရှိပြီး မနီးမဝေးတွင် စစ်ကောင်စီတပ် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။ထိုအပြင် အဆိုပါ​ရွှေဆိုင်အနီး ​ရှိပေါ်​တော်မူ မီးပွိုင့်တွင်လည်း.စစ်သားများရှိ​နေတက်ပြီး ယာဥ်ထိန်းကင်းတဲနှင့်​ရွှေဆိုင်မှာလည်း ​ခြေလှမ်း ၁၅ လှမ်းဝန်းကျင်သာ​ဝေးသည်။ထို​ကြောင့်​စစ်​ကောင်စီတပ်သားများအနီးတွင်​ရွှေဆိုင်ဓါးပြတိုက်သွားခြင်းဖြစ်၍ စစ်​ကောင်စီတပ်ပါဝင်ပတ်သပ်မှုရှိမည်ဟု​ဒေသခံများကထင်မြင်​နေကြသည်။

Public Service Announcement

Public Service Announcement

“စစ်သား​တွေတပ်စွဲထားတဲ့​နေရာနား၊ယာဥ်ထိန်းရုံးနားက​ရွှေဆိုင်ကိုမှဓါးပြတိုက်တာ သူတို့ပဲ​နေမှာပဲ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

မုံရွာမြို့တွင် စစ်တပ်အာဏသိမ်းပြီးနောက် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း မုံရွာမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင် ဝင်စီးခံရပြီးနောက် ဆိုင်ကယ်များစွာ သိမ်းယူသွားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

ဗန်းမောက်မြို့နယ်အတွင်းရှိ ပင်ဟင်းခါးရွာမှ အဆိုပါ စခန်းကို ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များက ယခု ဒီဇင်ဘာလ ပထမလပတ်အတွင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း PDF အချို့က​ပြောသည်။

သတင်း

Depeyin Local Mobile Team အဖွဲ့သည် ဒီပဲယင်းနှင့် ဘုတလင်နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ၅ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း အဖွဲ့ဝင်ရဲဘော်များက ပြောသည်။