Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့လယ် စစ်​တပ်တပ်စွဲရာ​နေရာအနီးရှိရွှေဆိုင်တစ်ဆိုင်ဓါးပြတိုက်ခံရ ရွှေဆယ်ပိဿာကျော်ပါသွား

မုံရွာမြို့တွင် စစ်တပ်အာဏသိမ်းပြီးနောက် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း မုံရွာမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင် ဝင်စီးခံရပြီးနောက် ဆိုင်ကယ်များစွာ သိမ်းယူသွားခဲ့ဖူးသည်။

(ဓားပြတိုက်ခံရသည့် သိန်းတရာရွှေဆိုင်။ ယခင်ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-CJ)
(ဓားပြတိုက်ခံရသည့် သိန်းတရာရွှေဆိုင်။ ယခင်ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်၊ စစ်ကောင်စီတပ်စွဲရာ​နေရာအနီးရှိ ရွှေဆိုင်တစ်ဆိုင် ယနေ့နံနက်ပိုင်းက ဓါးပြတိုက်ခံရပြီး ရွှေဆယ်ပိဿာကျော် ပါသွားကြောင်း မုံရွာဒေသခံများက ပြောသည်။

ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့ နံနက် ၁၁နာရီ ၂၀မိနစ်ဝန်းကျင်က မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်မီးပွိုင့်အနီးရှိ သိန်းတရာရွှေဆိုင်အား လူငါးဦးက ရောက်ရှိလာကာ သေနတ်ပြပြီး ရွှေများသိမ်းယူသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

” လူ ၅ဦးက အိမ်စီးကားနဲ့ ရောက်လာပြီး ပထမတယောက်က ရွှေဝယ်ချင်လို့ ဆိုပြီး ဆိုင်ထဲကို ဝင်လာတယ်။ ကျန်လေးယောက်က နောက်ကနေ သေနတ်ပြပြီး အနုကြမ်းစီးတာ။ အဲဒီကားက အထက(၁)ကျောင်းဘက် မောင်းသွားပြီး ပုံစံတူကားတစ်စီးမှာ အသင့်စောင့်ပြီး မောင်းသွားတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓါးပြတိုက်ခံရသည့် ရွှေဆိုင်နေရာသည် မုံရွာမြို့လယ်တွင် တည်ရှိပြီး မနီးမဝေးတွင် စစ်ကောင်စီတပ် တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။ထိုအပြင် အဆိုပါ​ရွှေဆိုင်အနီး ​ရှိပေါ်​တော်မူ မီးပွိုင့်တွင်လည်း.စစ်သားများရှိ​နေတက်ပြီး ယာဥ်ထိန်းကင်းတဲနှင့်​ရွှေဆိုင်မှာလည်း ​ခြေလှမ်း ၁၅ လှမ်းဝန်းကျင်သာ​ဝေးသည်။ထို​ကြောင့်​စစ်​ကောင်စီတပ်သားများအနီးတွင်​ရွှေဆိုင်ဓါးပြတိုက်သွားခြင်းဖြစ်၍ စစ်​ကောင်စီတပ်ပါဝင်ပတ်သပ်မှုရှိမည်ဟု​ဒေသခံများကထင်မြင်​နေကြသည်။

Public Service Announcement

Public Service Announcement

“စစ်သား​တွေတပ်စွဲထားတဲ့​နေရာနား၊ယာဥ်ထိန်းရုံးနားက​ရွှေဆိုင်ကိုမှဓါးပြတိုက်တာ သူတို့ပဲ​နေမှာပဲ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

မုံရွာမြို့တွင် စစ်တပ်အာဏသိမ်းပြီးနောက် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း မုံရွာမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင် ဝင်စီးခံရပြီးနောက် ဆိုင်ကယ်များစွာ သိမ်းယူသွားခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။