သတင်း နေပြည်တော်၌ လမ်းပိုင်းစစ်ဆေးစဉ် ကပစ−၁၃ မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းမိဟု PLAပြော စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တနေရာ၌ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်း စစ်ကောင်စီ၏ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၃)မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLAက ယနေ့(ဧပြီ ၂၁ရက်)တွင် ထုတ်ပြန်သည်။ ludunwayooဧပြီ 21, 2025
ဆောင်းပါး စစ်ကိုင်းငလျင်ကြီးကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမြို့တော် စစ်ကိုင်းငလျင်ကြီးက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို ဘယ်လောက်ထိခိုက်ပျက်စီးသွားစေလဲ ဆိုတဲ့အကြောင်း ဒီတစ်ပါတ်မှာ ပြောပြပါမယ် ။ ludunwayooဧပြီ 20, 2025
သတင်း စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၌ အိမ်ထောင်စုလိုက်ရွှေ့ပြောင်းနေထိုင်ရမှု မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် ပိုများနေ စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကောင်စီအခြေစိုက် နေပြည်တော်သည် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှုမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အဆမတန်ပိုများနေကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ludunwayooဧပြီ 17, 2025
သတင်း နေပြည်တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်ကြောင့်သေဆုံးသူများ၏အပုပ်နံ့များထွက်နေ နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်နေသည်။ ludunwayooဧပြီ 10, 2025
သတင်း နေပြည်တော်တွင် ပျက်စီးအဆောက်အဦးများအတွင်း အုပ်စုဖွဲ့လုယက်နေ နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများအတွင်း အုပ်စုဖွဲ့ လုယက်မှုများဖြစ်နေကြောင်း ဒေသခံ၊ဝန်ထမ်းနှင့်နီးစပ်သူများက လူထုနွေဦးသို့ ပြောသည်။ ludunwayooဧပြီ 9, 2025
သတင်း စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ ဌာနဆိုင်ရာအဆောက်အဦး ၂၀ ပျက်စီး အာဏာသိမ်းစစ်ကောင်စီ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်မှာ စစ်ကိုင်းငလျင်ကြီးကြောင့် ဝန်ကြီး ဌာနဆိုင်ရာ အဆောက်အဦး ၂၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရသိရပါတယ်။ ludunwayooဧပြီ 8, 2025
သတင်း ငလျင်ကြောင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးတွေ ထိခိုက်ပျက်စီး ရွေးကောက်ပွဲကျင်းပမယ့် ကာလကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ထုတ်ပြောလိုက်ပြီး လေးရက်အကြာမှာ ငလျင်လှုပ်ကာ နေပြည်တော်မှာရှိတဲ့လွှတ်တော်အဆောက်အဦးတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားပါတယ်။ ludunwayooဧပြီ 2, 2025
သတင်း မန္တလေးတိုင်းအတွင်း ငလျင်ကြောင့်ပိတ်မိနေသူ အသက်ရှင်လျက် ၄၀၀ကျော်နှင့် သေဆုံးသူ ၂၅၉ ဦးအား ထုတ်ယူနိုင်ဟု မီးသတ်ထုတ်ပြန် မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။ ludunwayooဧပြီ 2, 2025
သတင်း နေပြည်တော်ကို ဗဟိုပြု နောက်ဆက်တွဲငလျင်ထပ်လှုပ် နေပြည်တော် ဒက္ခိဏသိရိမြို့ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၁ အဆင့်ရှိသော နောက်ဆက်တွဲမြေငလျင် ယနေ့ ညနေ ၄နာရီ၌ လှုပ်သွားသည်။ ludunwayooမတ် 30, 2025
သတင်း ငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင်ပင် သေဆုံးသူ ၈၀ ကျော်လာ မြေငလျင်ကြီးကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင် သေဆုံးသူ၈၀ဦးကျော်လာပြီဖြစ်ကြောင်း ယနေ့ည ၉ နာရီအထိ အခြေအနေကိုဒေသခံများနှင့် လူမှုရေးအဖွဲ့များထံမှသတင်းရရှိသည်။ ludunwayooမတ် 29, 2025