Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့်ပိတ်မိနေသူ အသက်ရှင်လျက် ၄၀၀ကျော်နှင့် သေဆုံးသူ ၂၅၉ ဦးအား ထုတ်ယူနိုင်ဟု မီးသတ်ထုတ်ပြန်

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် တိုက်အမှတ်(၂၂၀၆)အဆောက်အဦပြိုကျ၍ ပိတ်မိနေသူများအား ကယ်ထုတ်နေစဉ်။ ဓာတ်ပုံ - မီးသတ်ဌာန

ဧပြီ ၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၄၀၃ဦးအား အသက်ရှင်လျက်ကယ်တင်နိုင်၍ ၂၅၉ဦး၏ ရုပ်အလောင်းများ ထုတ်ယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။

မတ်လ ၃၁ ရက် တစ်ရက်တည်းတွင် အမျိုးသမီး ၅ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၁ဦး၊ စုစုပေါင်း ၂၇ဦး၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့သည်ဟု မီးသတ်ဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြေပြင်ရောက်ကယ်ဆယ်ရေးလုပ်ဆောင်နေသူများ၏ ပြောဆိုမှုများအရ ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်ရန္တယားများ မလုံလောက်ခြင်း၊ ရှာဖွေကယ်ဆယ်ရမည့်နေရာများ များ ပြားပြန့်ကြဲနေခြင်းအပါအဝင် အခက်အခဲမျိုးစုံရှိနေခြင်းကြောင့် ထင်သလောက် ခရီးမပေါက်သည်များလည်းရှိနေသည်ဟု ဆိုသည်။

မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီး၏ ဗဟိုချက်ဖြစ်သော စစ်ကိုင်းနှင့် မန္တလေးမြို့များတွင် ပြိုကျပျက်စီးမှုများအောက် ပိတ်မိနေသူဦးရေ ထောင်ချီရှိနေပြီး သေဆုံးသူဦးရေမှာလည်း ကနဦးရရှိသော စာရင်းများအရ နှစ်ထောင်ကျော်ရှိနေပြီ ဖြစ်သည်။

အလားတူ ငလျင်ကြီးလှုပ်ခတ်မှုအပြီး လေးရက်မြောက်နေ့ညပိုင်းအထိ နောက်ဆက်တွဲငလျင်ငယ်များဆက်တိုက် လုပ်ခတ်လျက်ရှိရာ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ တိုင်းထွာချက်မှတ်တမ်းများအရ အကြိမ်ရေ ၂၀၀ နီးပါးရှိလာပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။